ရှမ်းပြည်နယ်၏ ချင်းစျေးကွက်အခြေအနေ

Powered by Drupal

ရှမ်းပြည်နယ်၏ ချင်းစျေးကွက်အခြေအနေ

                                    အောင်ပန်းစျေးကွက်မှာတော့ ဒီတစ်ပတ်လည်း ချင်း(စို)ကစျေးကောင်းနေဆဲပါပဲ၊ အိမ်နီးချင်း နိုင်ငံတွေကို နယ်စပ်ကနေတဆင့် ပေးပို့နေတဲ့စျေးကွက်ကြောင့် တမူး၊ တောင်ကုတ်ဝယ်လက်တွေက ဝယ်ယူနေကြသလို ပြည်တွင်းကလည်း ဒါးလှီးချင်းပြုလုပ်ဖို့အတွက် ဝယ်ယူနေတဲ့စျေးကွက်လည်း ရှိနေတယ်လို့ သိရပါတယ်၊ မေလလယ်အထိ ဝယ်လိုအားက အတော်များများဖြစ်နေခဲ့ပြီး ဒီတပတ်မှာ တော့ ရာသီဥတုကြောင့် ဝယ်လိုအားကအနည်းငယ်ကျလာတယ်လို့ သိရပါတယ်၊ မိုးရာသီရောက်လာ ပြီဖြစ်လို့ မုန်တိုင်းအန္တရာယ်ကြောင့် တဖက်နိုင်ငံကိုတင်ပို့ဖို့လည်း အခက်အခဲရှိလာလို့ ဝယ်ယူမှု အနည်းငယ်လျော့ကျလာတယ်လို့ သိရပါတယ်၊ မိုးအဆက်မပြတ်ရွာလာပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲလာရင်တော့ စျေးကလည်းတပိဿာကို ၁၀ိ/-ခန့် ကျလာနိုင်တယ်လို့လည်း ချင်းပွဲရုံတွေက ခန့်မှန်းနေပါတယ်၊ ချင်း(တက်)အစိုကတော့ ဖြုန်းအားကောင်းတာကြောင့် လက်ကျန်လည်းနည်းလာ ပါပြီ၊ ချင်း(ဥမ)တွေထွက်လာဖို့ကလည်း နှစ်ပတ်/သုံးပတ်ခန့်လိုပြီး အခုလိုမိုးရွာလာရင်တော့ ဒီထက် စောပြီးပေါ်လာနိုင်တယ်လို့လည်း သိရပါတယ်၊ ဒီတပတ်အောင်ပန်းစျေးကွက်မှာ ချင်းတပိဿာ ပေါက်စျေးကတော့ ထိပ်စက ၉၀ိ/- ၁၀၀ိ/- (လတ်စ)က ၇၀ိ/- ၈၀ိ/-နဲ့ (ညံ့စ)က ၃၀ိ/-မှ ၅၀ိ/- စျေးရှိပါတယ်၊ ချင်းခြောက်ကတော့ တပိဿာကို ၁၂၀ိ/- မှ ၁၃၀ိ/- စျေးရှိပါတယ်။

                                                                                                                                                                                                                                                                     ဧဧခိုင်၊ တောင်ကြီး