မာရိုးနစ်သက်တမ်းလွန်နေခြင်း

Powered by Drupal

စားသောက်ကုန်နှင့် ပတ်သက်၍တိုင်ကြားမှုတွင် မာရိုးနစ်(mayonnaise) ဝယ်ယူရာတွင် သက်တမ်းလွန်၍ ပြန်လဲခိုင်းရာတွင် ဆိုင်မှရိုင်းပြစွာဆက်ဆံခြင်း၊ ဆိုင်မှရောင်းချနေသော စားသောက်ကုန်များ ကျန်းမာရေးနှင့်ညီညွတ်မှုရှိ/မရှိ၊ သက်တမ်းကုန်ပစ္စည်း ရှိ/မရှိ စစ်ဆေး ပေးရန် တိုင်ကြားလာခဲ့ခြင်းဖြစ်ပါသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်း စစ်ဆေး၍ နောင်တွင်သက်တမ်းလွန်ပစ္စည်းများမရောင်းချရန် စားသုံးသူအကာအကွယ်ပေးရေး ဥပဒေပုဒ်မ၁၉၊ ပုဒ်မခွဲ(က)အရ ဝန်ခံကတိပြုလက်မှတ်ရေးထိုးခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့၏ ၄/၂၀၁၈ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်အရ တိုင်ကြားခံရသည့် ဆိုင်ကို တရားဝင်သတိပေးစာထုတ်ပြန်သွားရ န်ဆုံးဖြတ်ခဲ့ပါသည်။