ကျိုင်းတုံမြို့ရှိ အသားကင်ဆိုင်များအား ပထမအကြိမ်အရေးယူ

Powered by Drupal

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ ရပ်ကွက်များအတွင်းရှိ အသားကင်ဆိုင်များအား (၁၁.၁.၂၀၁၉) ရက်နေ့ မွန်းလွဲ (၄)နာရီချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ကျန်းမာရေး၊ ခရိုင်စက်မှုကြီး/ကြပ်၊ မြို့နယ် ထွေ/အုပ်၊ မြို့နယ်စည်ပင် နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သော ကျိုင်းတုံခရိုင်စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့မှ ရှောင်တခင်ဝင်ရောက် စစ်ဆေး ခဲ့ကြောင်း သတင်းရရှိပါတယ်။ ကျိုင်းတုံခရိုင်စားသုံးသူ အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့၏ အစည်းအဝေး(၈/၂၀၁၈)ဆုံးဖြတ်ချက် နှင့် စားသုံးသူအကာအကွယ်ပေးရေးဥပဒေအရ  အသားကင်ဆိုင်များ လိုက်နာရမည့်အချက်များအား (၃၁.၈.၂၀၁၈)ရက်နေ့မှစ၍ မြေပြင်ကွင်းဆင်း၍ အသိပညာပေးခြင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှအသိပေးခြင်း၊ Online ဖြင့်အသိပေးကြေညာခြင်း၊ အကြိမ်ကြိမ် ပညာပေးခြင်းဆောင်ရွက်ခဲ့ပြီး လိုက်နာခြင်းမရှိသည့်  အသားကင်ဆိုင်(၁၇)မှ ကာလတန်ဖိုး (၈၁၂၀၀၀)ကျပ်အား စားသုံးသူအကာအကွယ်ပေးရေးဥဒေပုဒ်မ- ၁၉(ဃ)အရ သိမ်းဆည်းစေခဲ့ကြောင်း အဆိုပါအဖွဲ့ထံမှ သိရှိရပါတယ်။  အရေးယူ ခြင်းခံရသော အသားကင်ဆိုင်များအနေဖြင့် ကျိုင်းတုံခရိုင်စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့၏ ဆုံးဖြတ်ချက်များအား လိုက်နာမှသာ ပြန်လည်ရောင်းချခွင့်ပေးသွားမည်ဖြစ်ကြောင်းနှင့် စားသုံးသူပြည်သူများ ဘေးဥပါဒ်အန္တရာယ်မဖြစ်စေရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါတယ်။