Public Consultation Workshop on Direct Selling Law (Draft) အခမ်းအနား ကျင်းပပြုလုပ်ခြင်း

Powered by Drupal

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနက ပြုစုရေးဆွဲလျှက် ရှိသော တိုက်ရိုက်ရောင်းချခြင်းဥပဒေမူကြမ်းအပေါ် အများပြည်သူ သဘောထားဆန္ဒရယူဆွေးနွေး သည့် အလုပ်ရုံဆွေးနွေးပွဲ Public Consultation Workshop on Direct Selling Law (Draft) ကို မန္တလေးမြို့ Hotel Hazel Mandalay တွင် ယနေ့ နံနက် ၉ နာရီအချိန်တွင် စတင်ကျင်းပရာ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ချိုက အဖွင့်အမှာစကားပြောကြား ပြီး စားသုံးသူရေးရာဦးစီးဌာန ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ ညွှန်ကြားရေးမှူး ဦးရဲထွဋ်နိုင်က ဥပဒေမူကြမ်းရေးဆွဲထားမှုအခြေအနေနှင့် စပ်လျဉ်း၍ ဘာသာရပ်ဆိုင်ရာ အရာထမ်းများက ဥပဒေမူကြမ်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပါသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးနှင့် ပြည်နယ်ဦးစီးမှူး များ၊ မန္တလေးတိုင်းဒေသကြီးဌာနဆိုင်ရာ တာဝန်ရှိသူများ နှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ဆွေးနွေးကြပါကြောင်း စားသုံးသူပြည်သူများသို့ အသိပေးတင်ပြအပ်ပါသည်။

 

စားသုံးသူရေးရာဦးစီးဌာန

ရုံးချုပ်၊ နေပြည်တော်