သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

သာပေါင်းကျေးရွာအောင်သုခဆန်စက်သို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့် MSMEsဖွံ့ဖြိုးရေး ကွင်းဆင်းစိစစ်ခြင်း

   ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်စာသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၄ခုနှစ်၊ဧပြီလ(၅)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင်သာပေါင်း  ကျေးရွာအောင်သုခဆန်စက်သို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့် MSMEs ဖွံ့ဖြိုးရေးအတွက် ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

    ထို့သို့ကွင်းဆင်းစိစစ်ခဲ့ရာတွင် အောင်သုခဆန်စက်မှကြိတ်ခွဲထုတ်လုပ်သော ကုန်စည်များ၊ ထုတ်ကုန်များအရည်အသွေးပြည့်မီစေရေး၊ အချိန်အတွယ်မှန်ကန်ရေး၊ ဆန်စပါး ဈေးနှုန်းဈေးကွက်အခြေအနေများ တည်ငြိမ်မှု ရှိ/မရှိ ၊ ထုတ်ပိုးမှုစနစ်များ လုံခြုံမှုရှိ/မရှိ စိစစ်ခြင်းနှင့် MSMEsလုပ်ငန်း  ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နည်းစနစ်သစ်များ၊ ခေတ်မီစက်ကိရိယာများ တပ်ဆင်နိုင်ရေး ထုတ်ကုန်များပိုမိုထုတ်လုပ်နိုင်မှသာ ဈေးကွက်စီးပွားရေးစနစ် ကျယ်ပြန့်လာနိုင်သလို၊ ထုတ်လုပ်မှု အင်အားကောင်းနိုင်မှသာမီခိုအားထားနေရသော အလုပ်သမားဝန်ထမ်းမိသားစုများ စားဝတ်နေရေး  ပြေလည်နိုင်မှာဖြစ်ကြောင်း စက်လည်ပတ်သည့်နေ့မရှိရင်လည်း ဝန်ထမ်းများအားကြည့်ရှု ဆောင်ရွက်ရပါကြောင်းနှင့် ကြိတ်ခွဲရာမှထွက်ရှိသော စွန့်ပစ်ပစ္စည်းများလည်းစနစ်တကျ စွန့်ပစ်ထားခြင်းရှိ/မရှိ  ကွင်းဆင်းစိစစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်၊ စားသုံးသူပြည်သူများအား အသိပညာပေး Talk Show ပြုလုပ်

     ဧရာဝတီတိုင်းဒေသကြီး၊       စားသုံးသူရေးရာဦးစီးဌာန၊ ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးသည် (၉.၄.၂၀၂၄) ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်းကာ စားသုံးသူပြည်သူများအား ဝါးခယ်မမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် စားသုံးသူအသိပညာပေး  Talk  Show  ပြုလုပ်ခဲ့ပါသည်။

    ထိုသို့ဟောပြောဆွေးနွေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးမှ  စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံမှ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၉)ပါ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ ဥပဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့် ပြစ်မှုပြစ်ဒဏ်များ၊ တားမြစ်ချက်များ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေများနှင့်အညီလိုက်နာဆောင်ရွက်ကြရန် ဥပဒေတားမြစ်ချက်များအား လိုက်နာဆောင်ရွက်မှုမရှိပါက ပြစ်မှုပြစ်ဒဏ်များအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဥပဒေအခန်း(၁၄) ပုဒ်မ-၂၇ ပါ ဝန်ဆောင်မှုလုပ်ငန်းများ၏ အာမခံချက်နှင့် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများအကြောင်း၊  ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည်၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဥပဒေပါ အချက်အလက်များသိရှိလိုပါက မြို့နယ်စားသုံးသူတာဝန်ခံရုံးတွင်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနရုံးချုပ်၏ www.doca. gov.mm website တွင် ဝင်ရောက်လေ့လာနိုင်ပါကြောင်း၊ စားသုံးသူများနစ်နာမှုရှိလာပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ CICC သို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ တိုင်ကြားနိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနတွင် (၄/၂၀၂၄) လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနတွင် Virtual စနစ်ဖြင့် (၄/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား  တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် ဧပြီလ (၂) ရက်နေ့ ၊နေ့လယ် (၁၅:၀၀) နာရီတွင် တိုင်းဒေသကြီးဦးစီးမှူးမှ ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ပြီး ဒုတိယတိုင်းဒေသကြီးဦးစီးမှူးများ၊ ဌာနခွဲတာဝန်ခံများနှင့် ခရိုင်ဦးစီးမှူး၊ ဒုခရိုင်ဦးစီးမှူး၊ မြို့နယ်တာဝန်ခံများ အပါအဝင် စုစုပေါင်း (၃၈) ဦး တက်ရောက်ခဲ့ပါသည်၊၊

      အစည်းအဝေးအား အစီအစဉ်(၅) ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး ရှေးဦးစွာ တိုင်းဒေသကြီး ဦးစီးမှူးမှ ဆန်စပါး စီးဝင်/စီးထွက်မှုအခြေအနေများ ဆန်စပါး သိုလှောင်ရုံများနှင့် ပတ်သက်သည့် မီးဘေးလုံခြုံရေး ဆောင်ရွက်ရန် အစရှိသည့်ကိစ္စရပ်များအား အဖွင့်အမှာ စကားပြောကြားခဲ့ပြီးနောက် သက်ဆိုင်ရာခရိုင်ဦးစီးမှူးများမှ မိမိတို့ခရိုင်အတွင်းရှိ ဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေများကို Power Point များဖြင့် အသီးသီးရှင်းလင်း တင်ပြခဲ့ပါသည်။

      ဆက်လက်၍ တိုင်းဒေသကြီးဦးစီးမှူးရုံးရှိ ဌာနခွဲတာဝန်ခံများမှလည်း လုပ်ငန်းပိုင်းဆိုင်ရာအခက်အခဲများ တင်ပြဆွေးနွေးပြောကြားခဲ့ပြီး ဒုတိယတိုင်းဒေသကြီးဦးစီးမှူးမှ လိုအပ်သည့် အချက်အလက်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီးနောက် တိုင်းဒေသကြီးဦစီးမှူးမှ နိဂုံးချုပ် အမှာစကားပြောကြားခဲ့ပြီး အစည်းအဝေးတွင် လိုက်နာဆောင်ရွက်ရမည့် အစည်းဝေးဆုံးဖြတ်ချက် (၁၆) ချက် ချမှတ်ခဲ့ကြောင်း သိရသည်၊၊

DOCA(ဧရာဝတီ)

 

 

 

ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၌ စားသုံးသူအသိပညာပေးဟောပြောခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံသည် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲနိုင်ရေး ရည်ရွယ်၍ ဧပြီလ (၅)ရက်၊  နံနက် (၀၉:၀၀) နာရီအချိန်တွင် ရေကြည်မြို့နယ်ရှိ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားခန်းမတွင်  သင်တန်းဆရာ/ဆရာမများနှင့် အားကစားသင်တန်းသားများအား  အသိပညာပေးဟောပြောခဲ့ပါသည်။

          ထိုသို့ဟောပြောရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးနှင့်သက်ဆိုင်သော အသိပညာများကိုလည်းကောင်း၊ ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ သိကောင်းစရာများကိုလည်းကောင်း ဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး စိမ်းလဲ့မြေဆန်စက်သို့ ကွင်းဆင်းစစ်ဆေး

     စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် မဲဇလီကျေးရွာရှိ စိမ်းလဲ့မြေဆန်စက်အား (၃.၄.၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်က ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်မှုပြုလုပ်ခဲ့သည်။

     ကွင်းဆင်းစစ်ဆေးရာတွင် ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်က  ဆန်စက်ပိုင်ရှင်နှင့် တွေ့ ဆုံ၍ စိမ်းလဲ့မြေဆန်ကြိတ်ခွဲသန့်စင်စက်လုပ်ငန်းအကြောင်းကို မေးမြန်းခဲ့ပြီး စပါးသန့်စင်စက်၊ အခြောက်ခံစက်၊ စပါးသိုလှောင်ရုံ၊ ဆန်သိုလှောင်ရုံများရှိပြီး ဆန်စပါးခွန်ချွတ်စက်၊ ဆန်အချောထုတ်စက်၊ ဆန်ကွဲသန့်စင်စက်များ၊ ကုန်ကြမ်း၊ ကုန်ချောသိုလှောင်ရုံများနှင့် စနစ်တကျလည်ပတ်နေပြီး၊ ကောင်းမွန်သော ဆန်အရည်အသွေးဖြင့် ဖြန့်ချိနိုင်ရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိပြီး၊ သက်ဆိုင်ရာဌာနတို့၏ လမ်းညွှန်ချက်များကို ပူးပေါင်းဆောင်ရွက်လုပ်ကိုင်လျက်ရှိကြောင်းကို ရှင်းလင်းခဲ့ပြီး စားသုံးသူရေးရာဦးစီး ဌာနမှ ဆန်ထွက်ပစ္စည်းများ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချရာတွင် ထုတ်ကုန်လုံခြုံစိတ်ချမှုရှိစေရေး အသိပညာပေးခြင်းနှင့် ဆန်စက်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် Gasifierသုံး ရေဆိုးရေညစ်ထုတ် ရေစစ်ကန် အသုံးပြုမှု အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ဆီလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ပေးရေး အသိပညာပေးဆွေးနွေးခြင်း

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးသည် ၂၀၂၄ခုနှစ် ဧပြီလ ၃ရက်နေ့က စည်ပင်သာယာရေးအဖွဲ့နှင့်အတူ ကမ်းနားလမ်း မအူပင်ခရိုင်ဦးစီးမှူးရုံးတွင် ဆီရောင်းချသူ လုပ်ငန်းရှင် (၂၇)ဦး နှင့်တွေ့ဆုံ၍  လုပ်ငန်းရှင်အသိပညာပေးခြင်း ဟောပြောဆွေးနွေးခဲ့ကြသည်။

    အဆိုပါဆွေးနွေးပွဲတွင် မအူပင်ခရိုင်ဦးစီးမှူးရုံး ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးက စားသုံးသူ ကာကွယ် ရေးဥပဒေ(၂၀၁၉) စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည်တာဝန် အကြောင်း ကိုလည်းကောင်း ၊ ဆီလုပ်ငန်းရှင်များ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ အရ စားသုံးဆီ၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏနှင့် ထားသိုသိမ်းဆည်းမှု အညွှန်း၊ ညွှန်ကြားချက်အမှတ် ၁/၂၀၂၁ အရ ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံသောကုန်စည်၏ အမျိုးအမည်ကို တိကျစွာ မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ကြောင်းနှင့် ကုန်စည်၏ အသားတင်ပမာဏနှင့် အရွယ်အစားတို့အား မြန်မာအလေးချိန် ယူနစ်ဖြစ်သော ပိဿာကျပ်သားတို့ကို မြန်မာဘာသာဖြင့် ဖော်ပြရမည့် ကုန်ပစ္စည်းကိုသာ ရွေးချယ်ရောင်းချရန်၊ တရားမဝင်တင်သွင်း ကုန်စည်များကို ရောင်းချခြင်းမပြုရန်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်းသို လှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် စားအုန်းဆီကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ် တင်ပို့သည့် မလေးရှားနိုင်ငံတွင်ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခ အမြတ် ၂% ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကား ဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်များကလည်း သိရှိလိုသည်များမေးမြန်းကာ အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

 

 

ဆီရောင်းချသူလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

        (၃.၄.၂၀၂၄)ရက်နေ့က စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ ဦးခိုင်လွမ်းမိုး (အငယ်တန်းစာရေး)က ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးတွင် ဆီရောင်းချသူလုပ်ငန်းရှင်(၇)ဦးနှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ကြသည်။

       အဆိုပါဟောပြောမှုတွင် စားသုံးသူရေးရာဦးစီးဌာမှ တာဝန်ရှိသူက  စားသုံးဆီဖြန့်ဖြူးရောင်းချသော လုပ်ငန်းရှင်များအနေဖြင့်လည်း စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ ကိုလိုက်နာကြရန်၊ စားသုံးဆီနှင့်ပတ်သက်၍ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် လိုက်နာဆောငရွက်ရမည့် ညွှန်ကြားချက်အမှတ် (၁/၂၀၂၁) အရ ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံသောကုန်စည်၏ အမျိုးအမည်ကို တိကျစွာ မြန်မာဘာသာဖြင့်ဖော်ပြရန်၊ ကုန်စည်၏ အသားတင်ပမာဏနှင့် အရွယ်အစားတို့အား မြန်မာအလေးချိန်ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သားတို့ကို မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ကြောင်း၊ စားသုံးဆီ ဖြန့်ဖြူးရောင်းချသော လုပ်ငန်းရှင်များအနေဖြင့် ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)ကို လိုက်နာ ဆောင်ရွက်မှုမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် ကိုက်ညီမှုရှိ/မရှိ စားသုံးသူရေးရာရေးရာဦးစီးဌာနတွင် လာရောက် လျှောက်ထားနိုင်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဘိုကလေးမြို့နယ်သာပေါင်းကျေးရွာအောင်သုခဆန်စက်ရှိဝန်ထမ်းများအားစားသုံးသူ ကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

       ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည်၂၀၂၄ခုနှစ်၊ဧပြီလ(၄)ရက်၊ နံနက်(၁၁:၀၀)နာရီအချိန်တွင်ဘိုကလေးမြို့ သာပေါင်းကျေးရွာအောင်သုခဆန်စက်ရှိဝန်ထမ်းအလုပ်သမား(၂၀)ဦးအား စားသုံးသူကာကွယ်ရေး   အသိပညာပေးခြင်းကိုဆောင်ရွက်ခဲ့ကြပါသည်။

        အဆိုပါအသိပညာပေးဟောပြောပွဲတွင် စားသုံးသူကာကွယ်ရေးဥပဒေနှင့်စပ်လျဉ်း၍ စားသုံး  သူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ကုန်စည်နှင့်ဝန်ဆောင်မှုများဝယ်ယူရာတွင် မြန်မာဘာသာဖြင့်ရေးသားဖော်ပြထား‌သော ကုန်စည်များကိုသာရွေးချယ်ဝယ်ကြရန်နှင့်ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ မည်သည့် စီးပွားရေးလုပ်ငန်းရှင်မဆို  ကုန်အညွှန်းအမှတ်အသား  ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ကုန်စည်အမျိုးအစားအလိုက်သတ်မှတ်ချက်များနှင့်အညီသိသာထင်ရှားစွာဖော်ပြရမည့်အချက်များ ၊ တားမြစ်ဓာတု ဆိုးဆေးနှင့်တာရှည်ခံဆေးပိုးသတ်ဆေးအန္တရာယ်များအကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့ သည်ဟု သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

အသိပေးကြေညာချက်

     စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် စားအုန်းဆီ ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါသည်။

    ယခုအခါ ပြည်တွင်းရှိ အချို့သောမြို့နယ်များတွင် စားအုန်းဆီ ဖြန့်ဖြူးရောင်းချသူ အချို့သည် အဆိုပါသတ်မှတ်ရည်ညွှန်းဈေးအပေါ် ဖြစ်သင့်ဖြစ်ထိုက်သည့် သယ်ယူပို့ဆောင်မှု စရိတ်များအပြင် အမြတ်ရာခိုင်နှုန်း မြင့်မားစွာထပ်ဆောင်းလျက် ရောင်းချမှုများရှိကြောင်း တွေ့ရှိရပါသည်။

    သို့ဖြစ်ရာ ပြည်တွင်းဈေးကွက်အတွင်း စားအုန်းဆီများကို ဝိသမလောဘဖြင့် ဈေးနှုန်း မြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း အပါအဝင် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

ဖျာပုံမြို့နယ်(အထက-၁)သင်တန်းကျောင်းရှိဆရာ/ဆရာမများအား စားသုံးသူအသိပညာပေး ဟောပြောခြင်း

       ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးဆောင်၍    ဝန်ထမ်းများနှင့်အတူ ၂၀၂၄  ခုနှစ်၊  ဧပြီလ(၁)ရက်နေ့၊  နံနက်( ၁၀:၀၀)အချိန်တွင်  ဖျာပုံ မြို့နယ်( အထက-၁ )သင်တန်းကျောင်းရှိ ဆရာ / ဆရာမ(၂၀၀)ဦးအား စားသုံးသူအသိပညာပေး ဟောပြောခြင်းကို  ကျင်းပပြုလုပ်ခဲ့ပါသည်။

        အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးမှ စားသုံးသူကာကွယ်ရေး  ဥပဒေအခန်း(၉) ဥပဒေပုဒ်မ(၁၉)ပါ စားသုံးသူအခွင်အရေးနှင့် တာဝန်များ၊ ပုဒ်မ(၂၆)အရစီးပွားရေး  လုပ်ငန်းရှင်သည် စားသုံးသူအပေါ် ဝန်ဆောင်မှုပေးခြင်းနှင့် စပ်လျဉ်းသည့် အာမခံချက်များကို  လည်းကောင်းရှင်းလင်းဆွေးနွေးခဲ့ပြီးမြိုနယ်တာဝန်ခံမှကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက် များနှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည်အချက်များ၊ သတိထားရွေးချယ်ချယ်ရမည့်အချက်များ၊ ဓာတုဆိုးဆေး၊ တာရှည်ခံဆေး၊ ပိုးသတ်ဆေးများ အသုံးပြုခြင်းကြောင့် ဖြစ်ပေါ်တက်သည့် ဘေးအန္တရာယ်များအကြောင်း အသိပေးဟောပြောဆွေးနွေးပြီး မိမိတို့စားသုံးသူရေးရာဦးစီးဌာန အနေဖြင့်လည်း  ကုန်စည်နှင့်ဝန်ဆောင်မှုများ  လုံခြုံစိတ်ချရမှုရှိစေရေး အသိပညာပေးခြင်း၊ ဘေး အန္တရာယ်ရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများကို  ဈေးကွက်အတွင်းမှ  ပြန်လည်သိမ်းဆည်းစေရေး  တို့ကို အခါမလပ်ကြိုးစားအားထုတ်ပြီး ဈေးကွက်စောင့်ကြည့်စစ်‌ဆေးခြင်းများ ပြုလုပ်လျက် ရှိပါကြောင်း၊ ထိုနောက်ဆရာ/ဆရာမများအား စားသုံးသူအသိပညာပေးလက်ကမ်းစာ  စောင်များကို ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ