သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ချောင်းဆုံမြို့နယ်၌ “အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေး Talk Show” ကျင်းပပြုလုပ်

       မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးသည် (၅-၄-၂၀၂၄)ရက်နေ့၊ နံနက်(၁၁း၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်းကာ ချောင်းဆုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ “အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေး Talk Show” ကျင်းပပြုလုပ်ခဲ့သည်။

   ပထမဦးစွာ ချောင်းဆုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိသူဇာက Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးက အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍ အမိန့်ထုတ်ပြန်သည့် အကြောင်းအရာများ၊ အွန်လိုင်းမှတ်ပုံတင်လျှောက်ထားရာတွင် တင်ပြရမည့်အထောက်အထားများနှင့် ကြိုတင်ပြင်ဆင်ရမည့်အချက်များ၊ မှတ်ပုံတင်လျှောက်ထားသူများလိုက်နာရမည့် စည်းကမ်းချက်များ၊ မှတ်ပုံတင်လျှောက်ထားသည့်အခါ သိရှိရမည့်အချက် (၇) ချက်ကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)

“ကောင်းထက်” အိုင်အိုဒင်းဆားစက်လုပ်ငန်းရှင်နှင့်တွေ့ဆုံခြင်း

       ၂၀၂၄ခုနှစ်၊ ဧပြီလ ၅ရက်နေ့၊ နံနက် (၁၁:၀၀)နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဒေါ်ဝါဝါမြိုင်နှင့် ဝန်ထမ်းများအဖွဲ့သည် မော်လမြိုင်မြို့၊ စက်မှုဇုန်ရှိ ကောင်းထက်အိုင်အိုဒင်းဆားစက်လုပ်ငန်းသို့သွားရောက်၍ ဆားစက်လုပ်ငန်းရှင်နှင့်တွေ့ဆုံခဲ့ရာ ဆားစက်လုပ်ငန်းနှင့်ပတ်သက်၍ စက်ရုံလည်ပတ်မှုအခြေအနေ၊ ကုန်ကြမ်းအား အလွယ်တကူဝယ်ယူရရှိမှုရှိ/မရှိ၊ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချရမှုအခြေအနေ၊ အရောင်းမြင့်တက်မှုရှိ/မရှိတို့ကို ဆွေးနွေးမေးမြန်းခဲ့ပါသည်။

      ဆက်လက်၍ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချသောကုန်စည်များအား ထုပ်ပိုးမှုများကောင်းမွန်စေရေး အထူးဂရုစိုက်ရန်၊ သန့်ရှင်းသန့်ရပ်မှုကို အလေးထားဆောင်ရွက်ရန်နှင့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိစေရေး ဆောင်ရွက်ရန်၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသည့် ကုန်စည်များကို ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခွင့်မရှိကြောင်း၊ ရောင်းချပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်သဖြင့် ကုန်အညွှန်းအမှတ်အသားများမပြုလုပ်ရသေးပါက လာရောက်ပြုလုပ်ကြရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ပြစ်မှု၊ ပြစ်ဒဏ်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းစျေးနှုန်းများမြင့်တက်မှုမရှိစေရေး ဆောင်ရွက်ခြင်း

  တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးအနေဖြင့် နိုင်ငံအတွင်းနေထိုင်ကြသော ပြည်သူများ၏ နေ့စဥ်စားဝတ်နေရေး၊ စီးပွားရေး၊ လူမှုရေးများတွင် သက်သာချောင်ချိမှုရှိစေရေးအတွက် အလေးထားဆောင်ရွက်ပေးလျက်ရှိရာ ဒေသတွင်း၌ ဆေးနှင့်ဆေးပစ္စည်းများကို စျေးနှုန်းသက်သာစွာဝယ်ယူရရှိနိုင်‌ရေးနှင့် ပြတ်လပ်မှုမရှိစေရေးအတွက် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့အတွင်း နေထိုင်လျက်ရှိသော အများပြည်သူများအတွက် ဆေးနှင့်ဆေးပစ္စည်းစျေးနှုန်းများကို ဒေသတွင်းဖြစ်သင့်ဖြစ်ထိုက်သည့် စျေးနှုန်းများဖြင့် ရောင်းဝယ်ဖောက်ကားခြင်းရှိ/မရှိကို ထားဝယ်မြို့တွင်ရောင်းချလျက်ရှိသော ဆေးနှင့်ဆေးပစ္စည်းအ‌ရောင်းဆိုင်များသို့ အဖွဲ့ဖြင့် အပတ်စဥ်သွားရောက်၍ စာရင်းကောက်ယူစုံစမ်းခြင်းများဆောင်ရွက်လျက်ရှိရာ (၄-၄-၂၀၂၄) ရက်နေ့တွင် သွားရောက်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် ဆေးစျေးနှုန်းများမှာ ယခုအပတ်အတွင်း အနည်းငယ်မြင့်တက်လာပြီး ကုမ္ပဏီများ၌ ဆေးဝါးပြတ်လပ်မှုများပြားလာကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(တနင်္သာရီ)       

ပခုက္ကူမြို့အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်းသည် သတ်မှတ်အရည်အသွေးနှင့်ဈေးနှုန်းမှန်ကန်စေရေး၊ ဆေးဝါးပြတ်လပ်မှုမရှိစေရေး၊ ဈေးကွက်အတွင်း ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းမရှိစေရေး၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်မှုမရှိစေရေး၊ တရားမဝင်အတုအပနှင့် အရည်အသွေးနိမ့်ပစ္စည်းများကိုရောင်းချမှုမရှိစေရေးရည်ရွယ်၍ (၃-၄-၂၀၂၄) ရက်နေ့၊ နံနက်(၉:၃၀)နာရီအချိန်တွင် ပခုက္ကူမြို့အတွင်းရှိ ဆေးဆိုင်များသို့သွားရောက်ကာ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

      ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင်  ကိုဗစ်-၁၉ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများအား ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း (သို့မဟုတ်) ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာထုတ်ပြန်ပြီးဖြစ်ကြောင်းဆွေးနွေးခဲ့ပြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော  ဆေးနှင့်ဆေးပစ္စည်းများတွင် အစားအသောက်နှင့်ဆေးဝါးကွကပ်ကဲရေးဦးစီးဌာန၏ ဆေးဝါးလက်လီရောင်းချခွင့်လိုင်စင်ရှိ/မရှိ၊ ဗဟို အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးကော်မတီ၏ အမိန့်ကြော်ငြာစာတွင်ပါရှိသည့် တရားမဝင်ဆေးဝါးများနှင့် စံမညီဆေးဝါးများ၊ ဆေးဝါးအတုများ၊ စပ်ဆေးများနှင့် သက်တမ်းလွန်ဆေးဝါးများရောင်းချခြင်းရှိ/မရှိ တို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

                            

ထားဝယ်စည်ပင်သာယာစျေးတွင် မုန့်ဆိုင်နှင့်အလှကုန်အရောင်းဆိုင်များအား စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

         ၂၀၂၄ခုနှစ်၊ ဧပြီလ(၈)ရက်နေ့  နံနက်(၀၉း၀၀)နာရီ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊  ထားဝယ်မြို့မှ၊   စစ်ဆေးရေးအရာရှိနှင့်   ဝန်ထမ်းများသည် မိတ်ဖက်ဌာနများဖြစ်သည့် ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ ထားဝယ်မြို့ စည်ပင်သာယာစျေးအတွင်းရှိ မုန့်အမျိုးမျိုးအရောင်းဆိုင်များ၊ အလှကုန်ပစ္စည်း အရောင်းဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့သည်။

      အဆိုပါ စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် သုံးစွဲသူပြည်သူများ‌ ဘေးအန္တရာယ်ကင်းရှင်းစွာ ဝယ်ယူသုံးစွဲနိုင်စေရေးအတွက် စျေးကွက်အတွင်း ရောင်းချလျက်ရှိသောမုန့်မျိုးစုံနှင့် အလှကုန်ပစ္စည်းများတွင် မြန်မာဘာသာဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခုခုဖြစ်စေ တွဲလျက်ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာပါရှိသည့် စားသောက်ကုန်ပစ္စည်းများ အလှကုန်ပစ္စည်းများ ရောင်းချနေမှု ရှိ/မရှိစစ်ဆေးခြင်းနှင့် အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့၊ အောင်မင်္ဂလာရပ်ရှိ ကုန်စုံဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေး

    ၂၀၂၄ခုနှစ်၊ ဧပြီလ(၅)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်၍ ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီး ဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ဖြင့်  မြိတ်မြို့၊ အောင်မင်္ဂလာရပ်ရှိ မုန့်မျိုးစုံရောင်းချနေ သော ကုန်စုံဆိုင်များသို့ သွားရောက်၍  ၎င်းတို့ရောင်းချနေသော ကုန်စည်များမှ အသင့်စားမုန့် အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြပါဝင်မှုရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

   ထိုသို့စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စစ်ဆေးခဲ့သောကုန်စည်များသည် ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာပါဝင်နေပြီး စားသုံးသူကာကွယ်ရေးအနေဖြင့် ဘေးအန္တရာယ်ကင်းသော ကုန်စည်များ ရောင်းချစေရန်၊ ကုန်အညွှန်အမှတ်အသားဖော်ပြပါရှိသော ထုတ်ကုန်များသာ ရွှေးချယ် ရောင်းချစေရန်နှင့် သုံးစွဲရန်ခွင့်ပြုထားသော ထောက်ခံချက်ပါရှိသည့် စားသောက်ကုန်များသာ ရောင်းချစေရန် ပြောကြားခဲ့ပြီး လက်ကမ်းစာစောင်ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့သို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းမှ တင်ပို့ရောင်းချသည့် စားအုန်းဆီများ‌ရောက်ရှိ

       ၂၀၂၄ ခုနှစ်၊ ဧပြီလ ၇ ရက်‌နေ့၊ နေ့လယ် (၁၁း၀၀) အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊  ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်၊ ကမ်းနားလမ်းရှိ ရတနာဦးယာဉ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ထားဝယ်ခရိုင် ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင် များအသင်းသို့ ယာဉ်မောင်း ဦးအောင်မျိုးဟိန်း ၊  ယာဉ်အမှတ်  7J/2781 ၊ ISUZU မော်တော်ယာဉ်ဖြင့်   တင်ဆောင်လာသော စားအုန်းဆီ ၁ ပီပါလျှင် ပိသာ ၁၁၀  ပါသည့် စားအုန်းဆီ ၇၀ ပီပါ သည် ရောက်ရှိလာခဲ့သဖြင့် တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးမှူး ဦးစိုးဦးနှင့် တာဝန်ရှိသူများက သွားရောက် စစ်ဆေးခဲ့ပါသည်။ အဆိုပါစားအုန်းဆီ ၇၀ ပီပါအား ထားဝယ်မြို့တွင်း အိုးလုပ်ရပ်ကွက်၊ နိဗ္ဗာန်လမ်းရှိ ဦးဘိုသစ်၏ ယမုံလှိုင်ကုန်စုံဆိုင် အပါအဝင်အထိုင်ရောင်းချနေသည့် ဆီဆိုင် ၁၄ ဆိုင်တို့မှ သတ်မှတ်ရည်ညွှန်း ဈေးအတိုင်း ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

ကလေးအလုပ်သမားများပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

      မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၂-၄-၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပခဲ့ပါသည်။

        ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သိမ့်ဝါက ကလေးအလုပ်သမားများ၏ အသက်အရွယ်နှင့် အလုပ်ချိန်ကန့်သတ်ချက်၊ ကလေးသူငယ်အခွင့်အ‌ရေးများဆိုင်ရာ ဥပဒေအရ အသက်အရွယ်အပိုင်းအခြားနှင့် ခံစားပိုင်ခွင့်များ၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ သိကောင်းစရာများကိုဟောပြောခဲ့သည်။

   ဆက်လက်၍ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ‌ဒေါ်မြတ်မြတ်မိုးက စားသုံးရန်မသင့်သော အစားအသောက်များအကြောင်းကိုလည်းကောင်း၊ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစိုးဝဏ္ဏထင်က သဘာဝပတ်ဝန်းကျင်အကြောင်း သိကောင်းစရာများကိုလည်းကောင်း အသီးသီးဟောပြောခဲ့ပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးက ကလေးများအတွက် ပေါင်မုန့်ထုပ်များ လှူဒါန်းပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

 

၂၀၂၄ခုနှစ်၊ မတ်လအတွင်း မကွေး/ ချောက်ခရိုင်၏ စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးခြင်းနှင့် လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခြင်းဆောင်ရွက်နိုင်မှုအခြေအနေ

       စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေး/ ချောက်ခရိုင်အတွင်းရှိ ဝန်ထမ်းများသည် ဌာန၏မျှော်မှန်းချက်ဖြစ်သော “ပြည်တွင်းကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးခြင်းနှင့် လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးအသိပညာပေးခြင်းများကို လစဉ် လျာထားချက်ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။

        မကွေး/ ချောက်ခရိုင်အတွင်း၌ မြို့နယ်(၆)ခုရှိရာ ၂၀၂၄ခုနှစ်၊ မတ်လအတွင်း စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေး‌နွေးခြင်း (၉)ကြိမ်နှင့် လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးအသိပညာပေးခြင်း (၁၅)ကြိမ်ဆောင်ရွက်နိုင်ခဲ့ပြီး  စားသုံးသူကာကွယ်‌ရေးဥပဒေပါ စားသုံးသူများရရှိနိုင်မည့်အခွင့်အရေးများ၊ လိုက်နာရမည့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှု/ ပြစ်ဒဏ်များနှင့် စားသုံးသူများနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သူများ၊ တိုင်ကြားပုံနည်းလမ်းများကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(မကွေး)

၂၀၂၄ခုနှစ်၊ မတ်လအတွင်း မကွေး/ ချောက်ခရိုင်၏ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်နိုင်မှုအခြေအနေ

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေး/ချောက်ခရိုင်အတွင်းရှိ ဝန်ထမ်းများသည် “ထုတ်ကုန်လုံခြုံစိတ်ချရမှုအစ ကုန်အညွှန်းအမှတ်အသားက” ဆိုသည့်အတိုင်း စျေးကွက်အတွင်းရှိ ကုန်စည်များတွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ပြည့်စုံစွာပါဝင်ရမည့်အချက်အလက်များကို ပြည့်စုံမှန်ကန်စွာဖော်ပြထားခြင်းရှိ/မရှိနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ‌ရေးဦးစီးဌာနက စားသုံးရန်မသင့်ဟုတားမြစ်ထားသော ကုန်စည်များရောင်းချမှုရှိ/မရှိတို့အား သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ လစဉ်ဆောင်ရွက်လျက်ရှိပါသည်။

       မကွေး/ ချောက်ခရိုင်အတွင်းရှိ မြို့နယ်များမှ ၂၀၂၄ခုနှစ်၊ မတ်လအတွင်း စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို (၁၅)ကြိမ်ဆောင်ရွက်နိုင်ခဲ့ပြီး မြို့နယ်အလိုက် ဆောင်ရွက်မှုမှာ  မကွေးမြို့နယ်တွင် (၃)ကြိမ်၊ တောင်တွင်းကြီးမြို့နယ်တွင် (၂)ကြိမ်၊ မြို့သစ်မြို့နယ်တွင် (၂)ကြိမ်၊ နတ်မောက်မြို့နယ်တွင် (၃)ကြိမ်၊ ချောက်မြို့နယ်တွင် (၂)ကြိမ်၊ ရေနံချောင်းမြို့နယ်တွင် (၃)ကြိမ်၊ စုစုပေါင်း(၁၅)ကြိမ်ဆောင်ရွက်နိုင်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး) 

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ