Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
29 Mar 2024

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးသည် (၂၀-၃-၂၀၂၄)ရက်နေ့ ၊ နေ့လယ်(၁၃:၃၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်းကာ စားသုံးသူပြည်သူများအား ဝါးခယ်မမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ စားသုံးသူ အသိပညာပေး  Talk  Show  ပြုလုပ်ခဲ့ပါသည်။

29 Mar 2024

    ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးသိန်းမောင်သည် ပြန်/ဆက်ဦးစီးဌာနနှင့် ပူးပေါင်း၍ ၂၀၂၄ ခုနှစ်၊ မတ်လ (၁၉) ရက်နေ့တွင် ပြန်/ဆက် ဦးစီးဌာန၌ စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show အစီအစဉ်ကို ကျင်းပဆောင်ရွက်ခဲ့ပါသည်။

29 Mar 2024

      ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ကျိုက်လတ်မြို့နယ်ရှိ မြို့နယ်တာဝန်ခံရုံးတွင် ၂၀၂၄ ခုနှစ်၊ မတ်လ(၂၀) ရက်နေ့၊ နေ့လယ် (၁၅:၃၀) နာရီအချိန်တွင် မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်းနှင့် ဝန်ထမ်းများသည် ကုန်မျိုးစုံ လုပ်ငန်းရှင် (၂၀) ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ပါသည်။

29 Mar 2024

    စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံသည် အင်္ဂပူမြို့နယ် အောက်ရွာကြီးအုပ်စုရှိ ရှမ်းတောဘုန်းကြီးကျောင်း၌ စားသုံးသူပြည်သူ(၇၈)ဦးအား (၁၈.၃.၂၀၂၄)နေ့၊ နေ့လယ် (၁၂:၃၀) တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

29 Mar 2024

    စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးသည် (၁၈.၃.၂၀၂၄) ရက်နေ့ နံနက် (၁၁:၀၀)နာရီအချိန်တွင် အမှတ်(၁)ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးနေအိမ်၌ ပဲခြမ်းကြော် လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါသည်။

Pages