Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
11 Apr 2024

     မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့မစျေး၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ်လျော့နည်းသုံးစွဲစေရန်ရည်ရွယ်၍ အပတ်စဉ်တနင်္လာနေ့တိုင်း ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်များ မသုံးစွဲရေးနေ့သတ်မှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ (၈.၄.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ချောက်မြို့မစျေးအတွင်း ပလတ်စတစ်အိတ်ဖြင့် ထုပ်ပိုးရောင်းချခြင်းမရှိစေရန်အတွက် စစ်ဆေးခြင်းနှင့် ပလတ်စတစ်အိတ် အစား အင်ဖက်၊ ငှက်ပျောဖက်၊ သတင်းစာစက္ကူတို့ဖြင့် အစားထိုး ထုပ်ပိုး

10 Apr 2024

     မွန်ပြည်နယ်၊ ပေါင်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ (၅-၄-၂၀၂၄) ရက်နေ့၌ စားသုံးသူကာကွယ်​​ရေးအသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့သည်။

10 Apr 2024

   တနင်္သာရီတိုင်း‌‌ဒေသကြီးထားဝယ်အထူးစီးပွားရေးဇုန်(DSEZ)လစဉ်ကော်မတီအစည်းအဝေး  ၁/၂၀၂၄-၂၀၂၅ကို ၉.၄.၂၀၂၄ နေ့၊ နံနက်(၁၀း၃၀)နာရီတွင် ထားဝယ်အထူးစီပွားရေးဇုန်စီမံခန့်ခွဲမှု‌ကော်မတီရုံး ရန်ကုန်မြို့တွင် online video conferencing ဖြင့်ပြုလုပ်ခဲ့ရာ ထားဝယ်အထူးစီးပွားရေးဇုန်ကော်မတီဥက္ကဌ၊ ဒုတိယဥက္ကဌ၊ အတွင်းရေးမှူးတို့နှင့်အတူ အဖွဲ့ဝင်များဖြစ်ကြသော တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့စီးပွားရေးရာဝန်ကြီး၊ တနင်္သာရီတိုင်းဒေသကြီး စားသုံးသူရေးရာတိုင်းဉီးစီးမှူး၊ တနင်္သာရီတိုင်းဒေသကြီးရင်းနှီး

10 Apr 2024

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနသည် ၂၀၂၄ခုနှစ်၊ ဧပြီလ(၉) ရက်နေ့၊ နံနက်(၉း၃၀)နာရီအချိန်၌ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် ပူးပေါင်း၍ မြိတ်မြို့၊ ကန်ခေါင်းရပ်ရှိ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအစည်းအဝေးခန်းမတွင်  စားသောက်ကုန်နှင့် အလှကုန်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများအကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။

10 Apr 2024

      နိုင်ငံတော်အနေဖြင့် ပြည်တွင်း၌ ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးမြင့်ပြီး စာသုံးဆီဖူလုံရေးကို အ‌လေးပေးဆောင်ရွက်လျက်ရှိရာ ဆီစက်များ၏ ကြိတ်ခွဲထုတ်လုပ်နိုင်မှုသည် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသဖြင့် တနင်္သာရီတိုင်း‌ဒေသကြီး စားသုံးသူရေးရာဦးစီးဌာနရှိ ဝန်ထမ်းများသည် (၈-၄-၂၀၂၄)ရက်နေ့ ၊နေ့လယ် (၁၄း၀၀) နာရီအချိန်တွင် တနင်္သာရီတိုင်းအတွင်း ကြိတ်ခွဲလျက်ရှိသောနှမ်းဆီ၊ ဆီအုန်းကြမ်း၊ အုန်းပျိုဆီကြီးငယ်လတ် (၁၂)စက်တို့၏ အသေးစိတ်စာရင်းများကို တနင်္သာရီတိုင်းစက်မှုကြီးကြပ်ရေးနှင့် စစ်ဆေး‌ရေးဦးစီး

Pages