Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
28 Mar 2024

     စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ  ဦးကျော်မိုးလွင်(ဌာနခွဲစာရေး)သည် (၂၁-၃-၂၀၂၄) ရက်နေ့တွင် မိုးညှင်းမြို့၊ အုတ်ကျင်းရပ်ကွက်ရှိ ပြည့်ဆန္ဒ (ကုန်စုံဆိုင်) သို့သွားရောက်ကာ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြန်းချက်များနှင့်ကိုက်ညီခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

28 Mar 2024

     စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုတို့ဖြင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် (၂၀.၃.၂၀၂၄)ရက် နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ မြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဝန်ထမ်း(၁)ဦး တို့သည

28 Mar 2024

       စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် စားသုံးသူများနေ့စဉ် အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဘေးအန္တရာယ် ကင်းရှင်းစွာအသုံးပြုနိုင်စေရန်အတွက် သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခြင်း များ ဆောင်ရွက်လျက်ရှိရာ (၁၉.၃.၂၀၂၄)ရက်နေ့တွင် ကန့်ဘလူမြို့”မြို့မဈေး”ရှိ စားသုံးဆီ အမျိုးမျိုးရောင်းချသည့် ဆိုင်များအား ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဝန်ထမ်း(၁)ဦး တို့သည် စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ စ

28 Mar 2024

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကသာခရိုင် ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကြည်နိုင်ဦး (ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် ဈေးကွက်အတွင်း ဘိလပ်မြေအိတ်များ ပစ္စည်းပြတ်လပ်လျက်ရှိ/မရှိနှင့် ဈေးနှုန်းဈေးကွက်အခြေအနေများနှင့် ပတ်သက်၍  သိရှိနိုင်ရန် ဘိလပ်မြေရောင်းချသည့် ဆိုင်ကြီးများသို့ ၂၀၂၄-ခုနှစ် မတ်လ(၁၉)ရက်နေ့ နံနက်ပိုင်းတွင် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

28 Mar 2024

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကသာခရိုင် ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကြည်နိုင်ဦး(ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် ယခုအခါ ဈေးကွက်အတွင်း ဆေးနှင့်ဆေးပစ္စည်းများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများ ရှိနေသည့်အတွက်  ၂၀၂၄-ခုနှစ် မတ်လ(၁၈) ရက်နေ့တွင် ကသာမြို့ပေါ်ရှိ ဆေးဆိုင်များ၌ ဆေးနှင့်ဆေးပစ္စည်းများ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း များ

Pages