Main menu

ကလေး အသုံးအဆောင် နှင့် ကစားစရာ ပစ္စည်းများ

Powered by Drupal

PRA No.                   -    2017/16469

Date Published         -    21/12/2017

အမျိုးအစား                -    ကလေးအသုံးအဆောင်ပစ္စည်း

ကုန်ပစ္စည်း               -    သံလိုက်(ကစားစရာအရုပ်)

ရောင်းချခဲ့သည့်ရက်စွဲ    -    December 2015 – October 2017

အမည်               -        Rattlesnake Eggs

အဆိုပါ ကလေးကစားစရာပစ္စည်း၏အရွယ်အစားနှင့် ပါဝင်သောသံလိုက်ဓါတ်သည် သြစတေးလျနိုင်ငံ စားသုံးသူကာကွယ်ပေးရေးကြော်ငြာအမှတ် ၅/၂၀၁၂ တွင်ဖော်ပြထားသော အရွယ်အစားနှင့် သံလိုက်ဓါတ်ထက် ပိုမိုများနေကြောင်း ဖော်ပြထားပါသည်။

အန္တရာယ်ဖြစ်စေနိုင်သောပုံစံ

ကလေးများသည် ၎င်းသံလိုက်တုံးများအား မြိုချမိပါက ကလေးငယ်၏အူနံရံ(သို့) အခြားအစာချေတစ်ရှုးများတွင် ကပ်နိုင်ပြီး ခန္ဓကိုယ်တွင်းထိခိုက်မှုကို ဖြစ်စေရုံသာမက အသက်န္တရာယ်ပါထိခိုက်နိုင်ကြောင်း ထုတ်ပြန်ထားပါသည်။

အသိပေးချက်

အဆိုပါကုန်ပစ္စည်းသည် ကလေးငယ်များအတွက် အန္တရာယ်ရှိနိုင်ကြောင်း အသိပေးကြေညာထားသည့်အတွက် မြန်မာနိုင်ငံမှစားသုံးသူများသိရှိစေရန် အသိပေးတင်ပြအပ်ပါသည်။

ထုတ်လုပ်သည့်နိုင်ငံ               -          တရုတ်နိုင်ငံ၊ အမေရိကန်ပြည်ထောင်စု

Source: Australian Competition & Consumer Commission    Code: 0220112711

PRA No.                  -    2017/16431

Date Published         -       21/12/2017

အမျိုးအစား                -       ကလေးအသုံးအဆောင်ပစ္စည်း

ကုန်ပစ္စည်း               -       ရေခဲမုန့်ပုံသဏ္ဍာန် ဆီလီကွန်ကလေးကိုက်ပစ္စည်း

အမည်                      -         Veronica Shnoudi

ရောင်းချခဲ့သည့်ရက်စွဲ    -     October 2017 – November 2017    

အထက်ဖော်ပြပါပစ္စည်းသည် ခွင့်ပြုထားသောပုံသဏ္ဍာန်ထက် ပိုမိုသေးငယ်ပြီး သတ်မှတ်စံချိန်စံညွှန်းဖြစ်သော ကလေးသုံးပစ္စည်းများဆိုင်ရာ စားသုံးသူအကာအကွယ်ပေးရေး ကြော်ငြာစာအမှတ် ၁၄/၂၀၁၃ နှင့်ကိုက်ညီမှုမရှိကြောင်း ACCC မှထုတ်ပြန်ထားပါသည်။

အန္တရာယ်ဖြစ်စေနိုင်သောပုံစံ

သေးငယ်လွန်း၍ကလေးငယ်များ၏ လည်ချောင်းတွင်းသို့လျောကျပြီး အသက်ရှုကြပ်ခြင်းကိုဖြစ်စေနိုင်ကြောင်း ဖော်ပြထားပါသည်။

အသိပေးချက်

အဆိုပါကုန်ပစ္စည်းသည် ကလေးငယ်များအတွက် အန္တရာယ်ရှိနိုင်ကြောင်း အသိပေးကြေညာထားသည့်အတွက် မြန်မာနိုင်ငံမှစားသုံးသူများသိရှိစေရန် အသိပေးတင်ပြအပ်ပါသည်။

Source: Australian Competition & Consumer Commission    Code: 0220112711

Recall Date              -       6/12/2017

အမျိုးအစား                -        ကလေးအသုံးအဆောင်ပစ္စည်း

ကုန်ပစ္စည်း               -      ကစားစရာရွံ့စေး

တံဆိပ်                     -        Totally Me

ရောင်းချခဲ့သည်ကာလ  -         April 2017    

အန္တရာယ်ဖြစ်စေနိုင်သောပုံစံ

အဆိုပါကလေးကစားစရာရွှံ့စေးသည် မှိုတက်နိုင်ပြီး ၎င်းမှိုအားကလေးများ ကိုင်တွယ်မိပါက အရေပြားအား ထိခိုက်ယားယံမှုများဖြစ်စေပါသည်။

အသိပေးချက်

အဆိုပါ Totally Me အမှတ်တံဆိပ် ကလေးကစားစရာရွှံ့စေးသည် ကလေးများအားအန္တရာယ်ဖြစ်စေနိုင်ကြောင်း ဖော်ပြထားသည့်အတွက် မြန်မာနိုင်ငံမှစားသုံးသူများသိရှိစေရန် အသိပေးတင်ပြအပ်ပါသည်။

ထုတ်လုပ်သည့်နိုင်ငံ     -          China

Source: Spring Singapore (Singapore Government)    Code: 0520112711

Recall Number           -        18-070

Recall Date               -        21/12/2017

အမျိုးအစား                 -         ကလေးအသုံးအဆောင်ပစ္စည်း

ကုန်ပစ္စည်း                -        ကစားသုံးအဝတ်အထည်

တံဆိပ်                      -         Totally Me

မော်ဒန်နံပါတ်              -        6904536, 6904537, 6904538, 6904539, 6904540, 6904541, 6904542, 6904543   

အန္တရာယ်ဖြစ်စေနိုင်သောပုံစံ

အဆိုပါကလေးညအိပ်ဝတ်စုံသည် သတ်မှတ်ထားသော ကလေးအဝတ်အထည်များဆိုင်ရာ စံချိန်စံညွှန်းနှင့် ကိုက်ညီမှု မရှိသည့်အပြင် ကလေးငယ်များအား အပူလောင်ဒဏ်ရာများ ဖြစ်စေနိုင်ကြောင်း ဖော်ပြထားပါသည်။

အသိပေးချက်

အဆိုပါ ညအိပ်ဝတ်စုံသည် အန္တရာယ်ဖြစ်စေနိုင်သည့်အတွက် ကလေးငယ်များအား ဝတ်ဆင်ပေးခြင်းမပြုရန်နှင့် ဝယ်ယူထားပါက Wohali သို့ဆက်သွယ်ပြီးငွေကြေးဖြင့် ပြန်လည်လှဲလှယ်နိုင်ကြောင်း ဖော်ပြထားသည့်အတွက် မြန်မာနိုင်ငံမှစားသုံးသူများသိရှိစေရန် အသိပေးတင်ပြအပ်ပါသည်။

ထုတ်လုပ်သည့်နိုင်ငံ    -          China

Source: United State Consumer Protect Safety    Code: 0420112711

    နိုင်ငံ                              -    နယူးဇီလန်

    ထုတ်ကုန်အမျိုးအမည်        -    Jolly Jumper Moses Basket & Stand

    ထုတ်လုပ်သည့်နိုင်ငံ          -         -

   ဆောင်ရွက်သည့်ပုံစံ          -        ဌာနဆိုင်ရာမှ ပြန်သိမ်းခိုင်းခြင်း။

   ဆောင်ရွက်ရသည့်အကြောင်းရင်း     -   ကလေးငယ်များအတွက် လုံခြုံစိတ်ချရမှုမရှိခြင်း။

   ဆောင်ရွက်သည့်နေ့ရက်               -         ၂၈ - ၄ - ၂၀၁၆

Pages