Main menu

ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစု (CTQM)

Powered by Drupal

ရိတ်သိမ်းချိန်လွန်နည်းပညာအသုံးချဌာန(PTAC)ကို ၁၉၇၉ခုနှစ်တွင် FAOမှမူလ စီမံကိန်း အဆိုပြုချက်ဖြင့်ရေးဆွဲခဲ့ပါသည်။ ၁၉၈၁ ခုနှစ်တွင် ADBမှ ထောက်ပံ့ငွေ အမေရိကန် ဒေါ်လာ ၀.၁၅ သန်း၊ ၁၉၈၃ ခုနှစ်တွင် JICA အကူအညီဖြင့် ယန်းသန်း ၁၅၅၀ တို့ဖြင့် ရိတ်သိမ်းချိန်လွန် နည်းပညာ အသုံးချ ဌာန (Post-Harvest Technology Application Center, PTAC) အား ကျွန်းကလေးကျေးရွာ၊ လှည်းကူးမြို့နယ်၊ ရန်ကုန်တိုင်းဒေသ ကြီးတွင် စတင်အကောင်အထည်ဖော် တည်ဆောက်ခဲ့ပါသည်။ ၁၉၈၅ ခုနှစ် မတ်လ (၂၃) ရက်နေ့တွင် မြန်မာအစိုးရထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး လုပ်ငန်းများစတင်ဆောင်ရွက်ခဲ့ပါသည်။ ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလတွင် ရိတ်သိမ်းချိန်လွန်နည်းပညာအသုံးချဌာန (Post-Harvest Technology Application Center, PTAC)အား ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစု (Commodity Testing and Quality Management Center, CTQM) အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။ လယ်ယာထွက်ကုန်သီးနှံတို့၏ ဈေးကွက်ဖွံ့ဖြိုးမှုအတွက် အထောက်အပံ့ပြုရန်၊ မိမိနိုင်ငံနှင့်ကိုက်ညီမည့် ရိတ်သိမ်းချိန်လွန် နည်းပညာများ ဖွံ့ဖြိုးတိုးတက်စေရန်၊ ရိတ်သိမ်းချိန်လွန်ဆုံးရှုံးမှုများ လျော့နည်းကျဆင်းစေရန်နှင့် လယ်ယာထွက် ကုန်သီးနှံများ အရည်အသွေး ထိန်းသိမ်းရန် ရည်ရွယ်ချက်ဖြင့် တည်ထောင်ထားခြင်းဖြစ်ပါသည်။

ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစု (CTQM) အနေဖြင့်

(က) ပြည်တွင်း/ပြည်ပမှ ထုတ်လုပ်တင်သွင်းလာသော ကုန်ပစ္စည်းများ၏ အရည်အချင်း အရည်အသွေးသတ်မှတ်ချက် (Specification)များ၊ စံချိန်စံညွှန်းသတ်မှတ်ချက် (Standardization) များအား ပြည်တွင်း/ ပြည်ပ International, Regional, National, Association, Company-wise Specification များ၊ Standard များနှင့် နှိုင်းယှဉ်လေ့လာ၍ အားပေးမြှင့်တင်ဆောင်ရွက်ခြင်း။

(ခ) ပြောင်းလဲတိုးတက်လာသော အရည်အသွေးစီမံခန့်ခွဲမှု ဆိုင်ရာ နည်းပညာများကို စဉ်ဆက်မပြတ် သိရှိနိုင်ရန်အတွက် ပြည်တွင်း/ပြည်ပ သင်တန်း၊ နည်းပညာများ၊ ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက် ခြင်း။

(ဂ) လက်ရှိဓါတ်ခွဲစစ်ဆေးပေးနေသော လုပ်ငန်းနယ်ပယ်များကို တိုးချဲ့၍ ဓါတ်ခွဲစမ်းသပ်စစ်ဆေးမှုများကို ပြုလုပ်ပေးနိုင်ရေးအတွက် ဓါတ်ခွဲခန်း ပစ္စည်းများ နှင့် သက်ဆိုင်ရာဝန်ထမ်းများ၏ စွမ်းဆောင်ရည် (Capacity Building)ကို တည်ဆောက်သွားခြင်း။

(ဃ) ခေတ်နှင့်အညီ ဖြစ်ပေါ်လာသည့် ထုတ်ကုန်ပစ္စည်းများ၏ ‌ဘေးအန္တရာယ်ကင်းရှင်းရေး  Food Safety, SPS, အစရှိသည့် စားသုံးသူအကျိုးစီးပွား ကာကွယ်ရေးနှင့် သက်ဆိုင်သည့် အကြောင်းအရာများကို စူးစမ်းလေ့လာခြင်း။

(င) အရည်အသွေးစီမံခန့်ခွဲရေးအတွက် စမ်းသပ်လေ့လာမှုများ ဆောင်ရွက်ခြင်း။