Main menu

မြန်မာ့ကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက်(Myanmar Inspection &Testing Services Ltd)

Powered by Drupal

      ၁၉၅၄ခုနှစ်တွင် INTICO (Japan) မှ မစ္စတာရီဆိုးနှင့် ကိုယ်စားလှယ်အဖွဲ့ ရောက်ရှိပြီး INTICO (Burma) (ဗာမန်တီကို) ကို မစ္စတာရီဆိုးနှင့် မစ္စတာဂျွန်ဆင်တို့မှ ဦးစီးပြီး မြန်မာပြည် Steel Brother Inspection Surveyor များဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။၁၉၆၅ခုနှစ်တွင် ဗဟိုကုန်သွယ်ရေးကော်ပိုရေးရှင်း(၂၂)ခု ဖွဲ့စည်းခဲ့ပြီး ၁၉၈၈ခုနှစ်တွင် နိုင်ငံရေး၊ စီးပွားရေးစနစ်ပြောင်းလဲချက်အရ ကုန်ပစ္စည်းစစ်ဆေးရေးနှင့် ကိုယ်စားလှယ် လုပ်ငန်း (IAS)အဖြစ် ကုန်ပစ္စည်းစစ်ဆေးလုပ်ငန်း၊ ပိုးသတ်မှိုင်း တိုက်လုပ်ငန်း၊ ဆိပ်ကမ်းရှင်းလင်းရေးလုပ်ငန်းများကို လုပ်ကိုင်ခဲ့ပါသည်။ ၁၉၉၀-၉၁ခုနှစ်တွင် ကုန်သွယ်ရေးဝန်ကြီးဌာန၏ ၁၀.၁၀.၁၉၉၀ရက်စွဲပါ အမိန့်ကြော်ငြာ စာအမှတ်(၂၉/၉၀)အရ ကုန်ပစ္စည်းစစ်ဆေးရေးနှင့် ကိုယ်စားလှယ်လုပ်ငန်း (ISA)နှင့် အင်္ဂလန်နိုင်ငံ Specialist Services International Limited (SSI London)တို့ပူးပေါင်း၍ မြန်မာကုန်ပစ္စည်း.စစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်း လီမိတက်(MITS) ကို ဖွဲ့စည်းခဲ့ပြီး(၁.၁.၁၉၉၁)မှစ၍ ၁၉၅၀ပြည့်နှစ် အထူးကုမ္ပဏီများအက်ဥပဒေအရ အများနှင့်မသက်ဆိုင်သည့် ဖက်စပ်ကုမ္ပဏီ အဖြစ် ထူထောင်ခဲ့ပါသည်။ အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန၊ဝန်ကြီးရုံး၏ ၂၂.၉.၂၀၀၉ရက်စွဲပါ အမိန်ကြော်ငြာစာအမှတ် (၄၄/၂၀၀၉)အရ မြန်မာကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်း လီမိတက်(MITS)ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှရ ာနှုန်းပြည့်ပိုင်ဆိုင်သောကုမ္ပဏီ အဖြစ်ပြင်ဆင်ပြောင်းလဲသတ်မှတ် ဖွဲ့စည်းခဲ့ ပါသည်။
      စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒါရိုက်တာ(၁၁)ဦး ဖြင့်ဖွဲ့စည်းဆောင်ရွက်လျက်ရှိပြီး အုပ်ချုပ်မှုဒါရိုက်တာနှင့် အထွေထွေမန်နေဂျာ တို့အား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ကြီးကြပ်လမ်းညွှန် ဆောင်ရွက်ပါသည်။ လက်ရှိအချိန်တွင် ဝန်ထမ်း(၇၀)ဦးဖြင့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။
     ကုန်ပစ္စည်းစစ်ဆေးရေးဆောင်ရွက်ရာတွင် ကုန်ပစ္စည်းများ၏ အမျိုးအစား၊ အရည်အသွေး၊ အဆင့်အတန်း၊ အရေအတွက် နှင့် ထုတ်ပိုးမှုစနစ် စသည်တို့ စာချုပ်ပါသက်မှတ်ချက်အတိုင်း ရရှိရေးတွင် ရောင်းသူနှင့်ဝယ်သူ နှစ်ဦးနှစ်ဘက်အကြား အတည်ပြုအာမခံချက် ရရှိစေရန်၊ ကုန်သွယ်မှု အငြင်းပွားခြင်းကိစ္စရပ်များ မဖြစ်ပွားမပေါ်ပေါက်စေရန်နှင့် မှန်ကန်သော ပစ္စည်းများ ရရှိစေရန်၊ ပစ္စည်းအရေအတွက် နှင့် အရည်အသွေးမှန်ကန်မှုအရ တန်ရာတန်ဖိုး အပြည့်အဝရရှိစေရန်၊ ပစ္စည်းမမှန်ကန်မှု၊ အရည်အသွေးမမီမှု၊ ပျက်စီးချို့ယွင်းမှု၊လျော့နည်းပျောက်ဆုံးမှုမများရှိပါက တစ်ဖက်မှ တစ်ဖက်သို့ ပစ္စည်းအစားထိုးတောင်းခံနိုင်မှု၊ လျော်ကြေးတောင်းခံရာတွင် တရားဝင် သက်သေအထောက်အထားဖြစ်စေရန်၊ နိုင်ငံတော်မှချမှတ်ထားသော စည်းမျဉ်း စည်းကမ်းများနှင့် ညီညွတ်အောင်ထိန်းသိမ်း ဆောင်ရွက်ရန် ရည်ရွယ်ချက် များဖြင့် လုပ်ဆောင်လျက် ရှိပါသည်။
      ကုန်ပစ္စည်းစစ်ဆေးဆောင်ရွက်ရာတွင်

  •         (၁)ပို့ကုန်စစ်ဆေးခြင်း၊ သွင်းကုန်စစ်ဆေးခြင်း။
  •         (၂) Food ,Foodstuff ,Cooking Oil စစ်ဆေးခြင်း။
  •         (၃)နို့နှင့် နို့ထွက်ပစ္စည်းများစစ်ဆေးခြင်း။
  •         (၄)ကတ္တရား(Bitumen)စစ်ဆေးခြင်း။
  •         (၅) Onsite လမ်းတံတာနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများစစ်ဆေးခြင်း  နှင့်
  •         (၆)အစိုးရဌာန ဆိုင်ရာ ပစ္စည်းများစစ်ဆေးခြင်း တို့တွင် ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။

      ရှေ့လုပ်ငန်းစဉ်များအနေဖြင့်

  •         (က) MITS သည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စစ်ဆေးရေးဆိုင်ရာလုပ်ငန်းလိုအပ်ချက်များ ကိုယ်စားပြုဆောင်ရွက်ပေးနေ သော နိုင်ငံတော်ကိုယ်စားပြု အဖွဲ့အစည်းအဖြစ် ရပ်တည်ဆောင်ရွက်သွားမည်။
  •         (ခ) အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၏ သတ်မှတ်ချက်နှင့်ကိုက်ညီသော နည်းပညာ၊ ခေတ်မီအဆင့်မြင့် စစ်ဆေးစမ်းသပ်မှုလုပ်ငန်းသုံးကိရိယာများ အသုံးပြုနိုင်ရေး စီမံဆောင်ရွက်သွားမည်။
  •         (ဂ) Department of Consumer Affairs အဖွဲ့နှင့် ပူးပေါင်း၍ High Risk Item များဖော်ဆောင်၍ စစ်ဆေးရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက် နိုင်ရန် စီစဉ်သွားမည်။
  •         (ဃ) အရည်အသွေးမြှင့်အဖွဲ့အစည်းဖြစ်ရန် ISO 17020, ISO 17025, ISO 9001:2015 တို့ ရရှိရေးအတွက် ဆောင်ရွက်သွားမည်။