Languages

Main menu

ရှမ်းပြည်နယ်အတွင်း ချင်းစျေးကွက်အခြေအနေ

Powered by Drupal

ယခုတစ်ပတ်အတွင်း အောင်ပန်းစျေးကွက်နှင့် ဟိုပုံးစျေးကွက်တို့တွင် ချင်း(စို) စျေးနှုန်းမှာ ယခင်အပတ်အတွင်းစျေးကျသွားသော်လည်း ယခုတစ်ပတ်အတွင်းတွင် တစ်ပိဿလျှင် ၁၀၀ိ/ မှ ၃၀၀ိ/ အထိ စျေးနှုန်းမြင့်တက်လာပါတယ်။ ပြည်ပတင်ပို့ဖို့ရှိသည့်အတွက် စျေးတက်လာခဲ့ကြောင်း သိရပါတယ်။ ချင်းဥမ တွေက လက်ကျန်သိပ်မရှိတော့ပဲ အဝင်နည်းပါးနေတယ်လို့လည်း သိရပါတယ်။ ဘင်္ဂလားဒေ့ရှ်ကို တင်ပို့ဖို့ အတွက် စစ်တွေ၊ တောင်ကုတ်၊ ရန်ကုန် ဝယ်လက်တွေက အဝယ်ရှိနေသလို အိန္ဒိယကို တင်ပို့ဖို့အတွက် တမူးဝယ်လက်တွေကလည်း ဝယ်ယူနေတယ်လို့ သိရပါတယ်။ ချင်း(ဥမ)တွေစျေးကောင်းလာတော့ အရင်က မဖော်ဘဲထားခဲ့တဲ့ချင်း(တက်) တွေကို လည်းတူးဖော်လာပြီးစျေးကွက်ဝင်လာပါတယ်။ အဲဒီ့အခက်လှကြီးတွေကတော့ ပြည်တွင်းသုံး အတွက် ဝယ်ယူကြတယ်လို့လည်းသိရပါတယ်။ ဝယ်လက်တွေက ဝယ်ယူမှုများနေပြီး ပစ္စည်းလက်ကျန် နည်းနေတာကြောင့် စျေးကလည်း တက်လာပါတယ်။ ဥမ လက်ကျန်ကလည်း နည်းသွားပြီဖြစ်ပြီး ချင်းတက် (သစ်)တွေက စျေးကွက်ကိုဝင်လာဖို့ လိုပါသေးတယ်။ နောက်နှစ်ဆန်းလောက်မှသာ ဝင်လာနိုင်တယ်လို့လည်း သိရပါတယ်။

          ဟိုပုံးစျေးကွက်မှာလည်း ချင်းအဝင်နည်းသွားပြီးစျေးတက်လာပါတယ်။ ယခုအပတ် ချင်းစို ပေါက်စျေးတွေကတော့ အောင်ပန်းစျေးကွက်မှာ ချင်း (ဥမ) က တစ်ပိဿကို ၇၅၀ိ/ မှ ၈၈၀ိ/ စျေးရှိပြီး ချင်းတက် ကတော့ တစ်ပိဿကို ၁၁၀၀ိ/ မှ ၁၀၅၀ိ/ ရှိပါတယ်။

ဧဧခိုင်(တောင်ကြီး)