Main menu

တမူးမြို့နယ်၏ ဆန်/စပါးနှင့် ဆီစျေးကွက်

Powered by Drupal

တမူးမြို့နယ်တွင် မှော်ဘီ၊ ဆင်းသုခ၊ ဆင်း - ၃ နှင့် ဧရာမင်းတို့သာအများဆုံး စိုက်ပျိုးပြီး စပါစျေး အနေဖြင့် မှော်ဘီစပါးတစ်တင်းလျှင် ​(၇၈၀၀/-)၊ ဆင်းသုခစပါးတစ်တင်းလျှင် ​(၇၀၀၀/- )၊ ဆင်း-၃စပါး တစ်တင်းလျှင် ​(၇၀၀၀/-)၊ ဧရာမင်းစပါးတစ်တင်းလျှင် ​( ၈၀၀၀/- ) ရှိကြောင်းနှင့် ယခင်လများနှင့် နှိုင်းယှဉ် ပါကစျေးနှုန်းအတက် အကျမရှိကြောင်း၊ ဆန်စျေးနှုန်းအနေဖြင့် မှော်ဘီဆန်တစ်အိတ်လျှင်  ( ၁၉၅၀၀/- )၊ ဧရာမင်းဆန် တစ်အိတ်လျှင်( ၂၁၀၀၀/- )၊ ဆင်း-၃ဆန်တစ်အိတ်လျှင် ( ၁၈၀၀၀/- ) နှင့် ဆင်းသုခ ဆန်တစ်အိတ်လျှင် (၁၇၅၀၀/-)ဖြစ်ပေါ်လျက်ရှိကာမှော်ဘီနှင့် ဆင်း-၃တို့သာ တစ်တင်းစျေ ( ၅၀၀/- ) ဝန်းကျင် စျေးတက်ခဲ့ကြောင်းနှင့် အိန္ဒိယဘက်မှ ငွေစျေးအတက်အကျပေါ် မူတည်၍ အရောင်းအဝယ်ဖြစ် လျက်ရှိ ကာတစ်ရက်လျှင် တင်းရေ ( ၂၀-၃၀ ) ခန့် တင်ပို့ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

            ဆီစျေးကွက်အနေဖြင့် မြေပဲနှင့် နေကြာတို့သာကြိတ်ခွဲနေရပြီးမြေပဲတောင့်တစ်တင်းလျှင်( ၈၀၀၀/- )၊ နေကြာတစ်တင်းလျှင် (၈၀၀၀/-)ပေါက်စျေးရှိပြီးဆီစျေးနှုန်းမှာယခုလက်ရှိတွင် မြေပဲဆီတစ်ပိဿာလျှင် (၅၅၀၀/-)၊ နေကြာဆီတစ်ပိဿာလျှင် ( ၃၅၀၀/- ) နှင့် မြို့တွင်းစျေးကွက်သာ အရောင်းအဝယ်ဖြစ်ပေါ် နေပြီးကုန်သည်၊ စက်ပိုင်များထံတွင် လက်ကျန်နည်းပါးနေပြီဖြစ်ကြောင်းကုန်သည်တစ်ဦး၏ ပြောပြချက်အရ သိရှိခဲ့ရပါတယ်။

စွမ်းရည် ( တမူး )