Languages

Main menu

ရှမ်းပြည်နယ်အတွင်း နနွင်းစျေးကွက်အခြေအနေ

Powered by Drupal

          ဒီနှစ်မှာတော့ ရှမ်းပြည်နယ် (တောင်ပိုင်း) တွင် အောင်ပန်းနနွင်းထက် ဟိုပုန်းနနွင်းကပိုပြီး အရောင်းသွက်နေပါတယ်။ အောင်ပန်းစျေးကွက်မှာတော့ နနွင်းနဲ့ချင်းခြောက်က တစ်နှစ်ပတ်လုံးနီးပါး အရောင်းအဝယ်အေးသလို စျေးလည်းအေးနေတယ်လို့ သိရပါတယ်။ အောင်ပန်းစျေးကွက်ကိုဝင်တဲ့ နနွင်းကို ရန်ကုန်ဝယ်လက်ကပဲအဝယ် ရှိနေပြီး ရေကြောင်းကတဆင့် သွားရတဲ့ဝယ်လက်တွေက အဓိကဝယ်ယူကြတယ်လို့ သိရပါတယ်။ ပြည်ဝယ်လက်တွေကလည်း အနည်းအကျဉ်းဝယ်ယူနေပြီး လှောင်ဖို့အတွက်နဲ့ ဒေသတွင်းဖြန့်ဖို့အတွက် ဝယ်ယူနေတယ်လို့ ဆိုပါတယ်။

          အောင်ပန်းစျေးကွက်က နနွင်းကို ဝယ်ယူနေတဲ့ဝယ်လက်တွေက ချင်း (စို) ဝယ်ယူရင်းနဲ့ပဲ နနွင်းကိုလည်း လိုသလောက်ဝယ်ယူနေတာကြောင့် တစ်ပတ်အတွင်း နနွင်းပိဿချိန်ပေါင်း ခုနှစ်သောင်းခွဲခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။ အခုလောလောဆယ်တော့ စျေးကွက်မှာ အဝင်မရှိတော့ပါဘူး၊ ပွဲရုံလက်ကျန်တွေနဲ့သာ အရောင်းအဝယ်ပြုလုပ်နေရတယ်လို့ သိရါတယ်။ ဒီတပတ်အောင်ပန်းစျေးကွက်မှာ နနွင်းတစ်ပိဿပေါက်စျေးက အနိမ့်ဆုံး ၁၀၀၀ိ/- မှ အမြင့်ဆုံး ၂၂၀၀ိ/- စျေးရှိပါတယ်။

 

၂၀၁၈ခုနှစ်၊ စက်တင်ဘာလ (၂၈)ရက်

ဧဧခိုင်(တောင်ကြီး)