Main menu

ပြည်တွင်းပြည်ပကုန်သွယ်မှု အချက်အလက်များ

Powered by Drupal
13 Sep 2023

    ပြည်ပဲဈေးကွက်မှာ လက်လီ/လက်ကားပဲမျိုးစုံ နေ့စဉ် ရောင်းဝယ်မှုဖြစ်ခဲ့ကြပြီး လက်လီရောင်းဝယ်မှုဖြစ်နေသောပဲများမှာ ဘိုကိတ်၊ ပဲလွမ်းဖြူ၊ စားတော်ပဲ၊ ထောပတ်ပဲတို့ဖြစ်ကာ ပဲလွမ်းဖြူသီးနှံမှာမူ ဈေးကွက်အတွင်း ဈေးအနိမ့်ဖြင့် ရောင်းချမှုဖြစ်နေခဲ့ကြပါသည်။ ပိဿာ(၂၀)ဝင် တစ်တင်းလျှင် (၅၃၀၀၀)ကျပ်ခန့်ရရှိသောကြောင့် ယခင်နှစ်ထက် ဈေးပိုသော်လည်း တခြားလက်လီပဲအားလုံးတို့အောက် ဈေးလျော့နည်းခဲ့ပါသည်။ ယခင်နှစ်၊ ဩဂုတ်လအတွင်း ပဲလွမ်းဖြူဈေးမှာ တစ်တင်းလျှင် (၄၅၀၀၀)ကျပ်ရရှိခဲ့သော်လည်း ယခုနှစ် ဩဂုတ်လတွင်မူ ယခင်နှစ်ဈေးထက် ကျပ်(၁)သောင်းနီးပါးခန့်သာဈေးပိုရလာခဲ့ပါသည်။ ပဲလွမ်းဖြူသီးနှံသည် ပဲထွက်ပေါ်ချိန်ကာလတွင်သာ လက်လီ/လက်ကားရောင်းဝယ်မှုအဖြစ်များပြီး ကျန်ကာလများ၌ လှောင်ပဲလက်ကျန်ဖြင့် လက်လီရောင်းဝယ်ကြသည့်အတွက် တစ်ရက်လျှင် အိတ် (၂၀/၃၀)ကျော်ရောင်းချမှုဖြစ်နေခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

13 Sep 2023

    ပြည်ပဲမျိုးစုံဈေးကွက်မှာ လက်လီရောင်းဝယ်မှုသာဖြစ်ပြီး ဈေးအမြင့်ဖြင့် ရောင်းဝယ်နေသည့်ပဲသီးနှံမှာမူ ပဲနီပြားသီးနှံဖြစ်ခဲ့ပါသည်။ ပဲနီပြားသီးနှံသည် ယခုနှစ်၊ ဩဂုတ်လ လက်လီပဲဈေးကွက်မှာ စားတော်ပဲသီးနှံပြီးလျှင် ဒုတိယဈေးအမြင့်ဆုံးဖြင့် ရောင်းဝယ်နေသောသီးနှံဖြစ်ခဲ့ကာ ပိဿာ (၂၀) ဝင် တစ်တင်းလျှင် (၁)သိန်းကျပ်ဖြင့် လက်လီသမားများ နေ့စဉ် အိတ် (၃၀/၄၀) ကျော်ဝယ်ယူလျက်ရှိကြောင်းသိရပါသည်။ ပဲနီပြားသီးနှံကို ပဲကြော်ဖိုသမားများက ဝယ်ယူမှုရှိသကဲ့သို့ ပဲပြုတ်ရောင်းချသူများကလည်း ဝယ်ယူနေခဲ့ကြပါသည်။ ယခင်နှစ်၊ ဩဂုတ်လ ပဲဈေးကွက်အတွင်း ပဲနီပြားသီးနှံမှာ ပိဿာ(၂၀)ဝင် တစ်တင်းလျှင် ကျပ် (၅)သောင်းခန့်သာရရှိခဲ့သည့်အတွက် ယခုနှစ်ပဲဈေးနှုန်းမှာ ယခင်နှစ်ထက် (၂)ဆခန့်ဈေးပိုလာသောကြောင့် နှစ်အလိုက် ဈေးနှုန်းများအရလည်း ယခုနှစ်စံချိန်တင်မြင့်တက်ခဲ့သည်ဟုသိရပါသည်။

DOCA(ပဲခူး)

                            

09 Jul 2023

ကမ္ဘောဒီးယားနိုင်ငံ ဆန်စပါးအသင်းချုပ်၏ အထွေထွေအတွင်းရေးမှူး Mr. Lon Yeng က ကမ္ဘောဒီးယားနှင့် တရုတ်တို့သည် တရုတ်ဈေးကွက်သို့ ကမ္ဘောဒီးယားမှ ဆန်တင်ပို့မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ (၆) ခုကို လက်မှတ်ရေးထိုးခဲ့ပြီး (၇) ကြိမ်မြောက် နားလည်မှုစာချွန်လွှာနှင့် အခြားသော စာချွန်လွှာများစွာကိုလည်း လက်မှတ်ရေးထိုးရန် အဆင်သင့်ရှိကြောင်း ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၉ ရက် (ကြာသပတေး) နေ့တွင် ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Mr. Pan Sorasak က ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း တရုတ်ဈေးကွက်သို့ ဆန်တန်ချိန် ၅၀၀၀၀၀ တင်ပို့နိုင်ရေးအတွက်  ၇ ကြိမ်မြောက် နားလည်မှုစာချွန်လွှာကို ရေးထိုးရန် အစောပိုင်းက ကြေညာခဲ့ပြီး ယင်းကြေညာချက်သည် ကမ္ဘောဒီးယား၏ ဆန်တင်ပို့မှုကို ပိုမိုတိုးတက်စေလိမ့်မည်ဟု မျှော်လင့်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ 

ဆဋ္ဌမမြောက်ရေးထိုးခဲ့သည့် နားလည်မှုစာချွန်လွှာအရ ဆန်တန်ချိန် ၄၀၀၀၀၀ ကို တရုတ် နိုင်ငံသို့ တင်ပို့ခဲ့ပြီးဖြစ်ကြောင်း၊ တရုတ်နိုင်ငံမှ လိုအပ်သော ဆန်အမျိုးအစားကို စိုက်ပျိုးရာတွင် အစွမ်းကုန် ကြိုးစားလုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ ကမ္ဘောဒီးယား တောင်သူလယ်သမားများ၏ ဘဝနှင့် စီးပွားရေးကို ပံ့ပိုးကူညီရန်၊  ပြည်သူများအတွက် အနာဂတ် လူနေမှုအဆင့်အတန်းကို မြှင့်တင်ရန်အတွက် အဆိုပါဆန်ပမာဏကို တရုတ်နိုင်ငံက ဝယ်ယူနိုင်လိမ့်မည်ဖြစ်ကြောင်းဖြင့် လယ်သမားများအား Mr. Yeng က တိုက်တွန်းပြောကြားခဲ့သည်။

Source: Khmer Times, 30 Jun 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)

19 Jun 2023

    ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ သီရိမင်္ဂလာဈေးတွင် ၂၀၂၃ခုနှစ်၊ ဇွန်လ (၇) ရက်နေ့မှ ဇွန်လ (၁၃) ရက်နေ့အထိ ဖြစ်ပေါ်ခဲ့သောသစ်သီးဝလံဈေးနှုန်းများမှာ ကျိုက်ထိုမှ ဒူးရင်းသီးအလုံးကြီးတစ်လုံးလျှင် ကျပ်၈၀၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၆၀၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၅၀၀၀၊ သီပေါ၊ ဝမ်းတွင်း၊ သဲတောမှ ဖရဲသီး (211) အလုံးကြီးတစ်လုံးလျှင် ကျပ်၄၅၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၃၀၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၁၅၀၀၊ တိုက်ကြီး၊ ပုပ္ပါးမှ မာလကာသီးအလုံးကြီးတစ်လုံးလျှင် ကျပ်၃၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၂၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၁၅၀၊ ကျိုက်ကော်၊ သီပေါမှ နာနတ်သီးအလုံးကြီးတစ်လုံးလျှင် ကျပ်၁၅၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၁၀၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၇၀၀၊ တိုက်ကြီးမှ သရက်သီး (စိန်တလုံး) အလုံးကြီးတစ်လုံးလျှင် ကျပ်၅၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၃၀၀၊ အလုံးသေးတစ်လုံးလျှင်  ကျပ်၂၀၀၊ မအူပင်မှ သရက်သီး (မချစ်စု) အလုံးကြီးတစ်လုံးလျှင် ကျပ်၆၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၃၅၀၊ အလုံးသေးတစ်လုံးလျှင်  ကျပ်၂၀၀၊ မအူပင်မှ သရက်သီး (ရင်ကွဲ) အလုံးကြီးတစ်လုံးလျှင် ကျပ်၂၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၁၀၀၊ တိုက်ကြီး (ကိုင်းဆက်) မှ ပိန္နဲသီးအလုံးကြီးတစ်လုံးလျှင် ကျပ်၃၀၀၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၂၅၀၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၁၀၀၀၀၊ အောင်ပန်း၊ နောင်ချိုမှ ရွှေလိမ္မော်သီးအလုံးကြီးတစ်ပိဿာလျှင် ကျပ်၈၀၀၀၊ အလုံးလတ်တစ်ပိဿာလျှင် ကျပ်၅၀၀၀၊ မန္တလေး၊ တိုက်ကြီးမှ သင်္ဘောသီးအလုံးကြီးတစ်လုံးလျှင် ကျပ်၂၀၀၀၊ အလုံးသေးတစ်ပိဿာလျှင်  ကျပ်၁၂၀၀၊ မော်လမြိုင်မှ ကျွဲကောသီးအလုံးကြီးတစ်လုံးလျှင် ကျပ်၃၅၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၁၅၀၀၊ ကလောမှ ပန်းသီးအလုံးကြီးစက္ကူပုံးတစ်ပုံးလျှင် ကျပ်၃၇၀၀၀၊ အလုံးသေးစက္ကူပုံးတစ်ပုံးလျှင် ကျပ်၂၅၀၀၀ဈေးနှုန်းတို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံပန်းမန်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) မှသိရှိရပါသည်။

DOCA(ရန်ကုန်)

30 Dec 2021

၂၈.၁၂.၂၀၂၁ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်-

30 Dec 2021

၂၇.၁၂.၂၀၂၁ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်-

30 Dec 2021

၂၃.၁၂.၂၀၂၁ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်-

30 Dec 2021

၂၂.၁၂.၂၀၂၁ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်-

22 Dec 2021

၂၁.၁၂.၂၀၂၁ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်-

21 Dec 2021

၂၀.၁၂.၂၀၂၁ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်-

21 Dec 2021

၁၅.၁၂.၂၀၂၁ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်-

15 Dec 2021

၁၄.၁၂.၂၀၂၁ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်-

Pages