ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal
26 Aug 2024

      ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လအထိ (၇) လတွင် စုစုပေါင်းတန်ချိန် ၈၃၀၀၀၀ ထုတ် လုပ်မှုဖြင့် ကမ္ဘောဒီးယားသည် အိုင်ဗရီကို့စ်နိုင်ငံ၏နောက်တွင် သီဟိုဠ်စေ့ကုန်ကြမ်း ကမ္ဘာ့ဒုတိယ အများဆုံး ထုတ်လုပ်သည့်နိုင်ငံဖြစ်လာကြောင်း ကမ္ဘောဒီးယားသီဟိုဠ်စေ့လုပ်ငန်းအသင်း (CAC) ၏ အစီရင်ခံစာအရ သိရှိရသည်။

26 Aug 2024

    အိန္ဒိယနိုင်ငံလုံးဆိုင်ရာ ဆန်ပို့ကုန်လုပ်ငန်းများအသင်း (ARIA) ၏ အုပ်ချုပ်ရေးအဖွဲ့အသစ် သည် နယူးဒေလီမြို့တွင် ဩဂုတ်လ ၁၆ ရက်နေ့၌ အစည်းအဝေးတစ်ရပ်ကျင်းပလျက် အနိမ့်ဆုံး ပို့ကုန်စျေးနှုန်း (Minimum Export Price - MEP) မြင့်မားမှုကြောင့် ဆန်လုပ်ငန်းတွင် ကြုံတွေ့နေရသော စိန်ခေါ်မှုများနှင့် ဘာစမာတီမဟုတ်သော ဆန်တင်ပို့မှုအား တားမြစ်ထားသည့်ကိစ္စတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။

26 Aug 2024

     တောင်ကိုရီးယားနိုင်ငံ၌ ဆန်ပိုလျှံထွက်ရှိမှုကို ကိုင်တွယ်ဖြေရှင်းရန်နှင့် ဈေးကွက်အတွင်း ဈေးနှုန်းများတည်ငြိမ်မှုရှိစေရန်အတွက် အစိုးရသည် ယခုနှစ်ရိတ်သိမ်းထွက်ရှိမှုမှ  ဆန်တန်ချိန် ၄၀၀၀၀၀ နှင့် ယခင်နှစ်ထွက်ရှိမှုမှ တန်ချိန် ၅၀၀၀၀ ၊ စုစုပေါင်း ဆန်တန်ချိန် ၄၅၀၀၀၀ ကို အရန် ရိက္ခာအဖြစ် ဝယ်ယူမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ စားနပ်ရိက္ခာနှင့် ကျေးလက်ရေးရာ ဝန်ကြီးဌာနက ဩဂုတ်လ ၁၉ ရက်နေ့တွင် ပြောကြားခဲ့သည်။

26 Aug 2024

    အိန္ဒိယနိုင်ငံအနေဖြင့် ပြည်တွင်းရော်ဘာထုတ်လုပ်မှုလိုအပ်ချက် တန်ချိန် ၅ ဒသမ ၅ သိန်း ခန့် ဖြစ်ပေါ်နေခြင်းနှင့်အတူ သဘာဝရော်ဘာပြတ်လပ်မှုကို သိသာစွာ ကြုံတွေ့နေရကြောင်း Times of India သတင်းဌာနက အစီရင်ခံ ဖော်ပြခဲ့ပါသည်။ အကောက်ခွန်နှုန်း မြင့်မားခြင်းနှင့် ကုန်စည်ရရှိလွယ်မှုဆိုင်ရာ ပြဿနာများသည် ရော်ဘာတင်သွင်းရာတွင် ရင်ဆိုင်ရသည့် စိန်ခေါ်မှု များဖြစ်ပြီး၊ အဆိုပါ အခြေအနေများကြောင့် ရော်ဘာဈေးနှုန်းမြင့်မားခြင်းနှင့် ရော်ဘာကုန်ကြမ်း အပေါ် အမှီပြုနေသည့် စက်ရုံများအတွက် အကျပ်အတည်းဖြစ်စေကြောင်း သိရှိရပါသည်။

26 Aug 2024

    အိန္ဒိယနိုင်ငံတွင် အခွန်စုံစမ်းစစ်ဆေးရေးညွှန်ကြားမှုဦးစီးဌာန (DRI) သည် Jawaharlal Nehru Port Trust (JNPT), Mundra နှင့် Kandla ဆိပ်ကမ်း ၃ ခုမှ ပြည်ပသို့ အော်ဂဲနစ်ဆန်အဖြစ် ဖော်ပြတင်ပို့မည့် ကုန်သေတ္တာအလုံး ၄၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု Hindu Business Line သတင်းဌာနက ဩဂုတ်လ ၁၉ ရက်နေ့၌ ဖော်ပြခဲ့သည်။

26 Aug 2024

      ထိုင်းနိုင်ငံအဆင့်မြင့်ပညာရေး၊ သိပ္ပံ၊ သုတေသနနှင့် ဆန်းသစ်တီထွင်မှုဝန်ကြီးဌာန (MEHS) သည် ဗျူဟာမြောက်ကဏ္ဍ ၃ ခုဖြစ်သည့် တစ်ပိုင်းလျှပ်ကူးပစ္စည်းများ၊ လျှပ်စစ်မော်တော် ယာဉ်များ(EVs)နှင့် ဉာဏ်ရည်တုနည်းပညာ(AI)တို့တွင် တာဝန်ထမ်းဆောင်ရန် ၅ နှစ်အတွင်း ကျွမ်းကျင်မှုမြင့်မားသော အလုပ်သမား ၁၇၅၀၀ ကို ရရှိလာစေရန်အတွက် ဘတ်ဂျက် ဘတ် ၅ ဘီလီယံ သုံးစွဲရန် ခွဲတမ်းချပေးခဲ့ကြောင်း သိရပါသည်။ ဝန်ကြီးဌာနသည် အဆိုပါ လုပ်ငန်း နယ်ပယ်များတွင် ပြည်တွင်းနှင့်ပြည်ပမှ ရင်းနှီးမြှုပ်နှံမှု ဘတ် ၁၀၀ ဘီလီယံခန့်ကို ဆွဲဆောင်နိုင်ရန် ရည်ရွယ်ထားသည်ဟု သိရပါသည်။ ထိုင်းနိုင်ငံ၏ လူသားအရင်းအမြစ်နှင့် အဖွဲ့အစည်းဖွ

26 Aug 2024

      ထိုင်းနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ထိုင်းနိုင်ငံမွေးမြူရေး ထုတ်ကုန်များနှင့်သစ်သီးများ တရုတ်နိုင်ငံတွင် ဈေးကွက်တိုးချဲ့ရန်နှင့် အရှေ့ပိုင်းစီးပွားရေး စင်္ကြန်ရှိ အသစ်ပေါ်ထွက်လာသော စက်မှုနယ်ပယ်များတွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများကို ကြိုဆိုရန်ရည်ရွယ်၍ နှစ်နိုင်ငံကြား ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်ရန်အတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရပါသည်။ ထိုင်းနိုင်ငံစီးပွားကူးသန်းဝန်ကြီးဌာန ဒုတိယဝန်ကြီး Suchart Chomklin က ၎င်းကို ထိုင်းနိုင်ငံစီးပွားကူးသန်းဝန်ကြီး Phumtham Wechayachai က တရုတ်နိုင်ငံစီးပွားကူးသန်းဝန်ကြီးဌာန ဒုတိယဝန်ကြီး Li

26 Aug 2024

      ထိုင်းနိုင်ငံယာယီစီးပွားကူးသန်းဝန်ကြီး Phumtham Wechayachai သည် ထိုင်းထုတ်ကုန်များအတွက် ဈေးကွက်အခွင့်အလမ်းသစ်များရှာဖွေရန် ဩဂုတ်လ ၁၃ ရက်နေ့က ကာဇတ်စတန်နိုင်ငံသို့ သွားရောက်ခဲ့ကြောင်း သိရပါသည်။ Mr.

26 Aug 2024

      ကမ္ဘောဒီယားနိုင်ငံသည် ၂၀၂၄ ခုနှစ်၏ ပထမ ၇ လတွင် သီဟိုဠ်စေ့အစိမ်း တန်ချိန်ပေါင်း ၈၃၀၀၀၀ ထုတ်လုပ်မှုနှင့်အတူ ကမ္ဘာ့ဒုတိယအကြီးဆုံးသီဟိုဠ်စေ့အစိမ်း ထုတ်လုပ်သူ ဖြစ်လာကြောင်း ကမ္ဘောဒီးယားနိုင်ငံ သီဟိုဠ်စေ့အသင်း (CAC)၏ အစီရင်ခံစာအရ သိရပါသည်။ CAC က ဗီယက်နမ်နိုင်ငံသို့ တင်ပို့မှုသည် သိသာစွာမြင့်တက်ခဲ့ပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ ၁.၀၉၂ ဘီလီယံတန်ဖိုးရှိသည့် သီဟိုဠ်စေ့ တန်ချိန် ၇၈၀၀၀၀ တင်ပို့ခဲ့ကြောင်း သိရပါသည်။ ၎င်းသည် တင်ပို့မှုပမာဏအားဖြင့် ၃၆.၇ % မြင့်တက်ခဲ့ပြီး တန်ဖိုးအားဖြင့် ၂၈.၁ % မြင့်တက်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်။ CAC၏ ဥက္ကဌဖြစ်သူ Uon Silot က ယခုလိုမြင့်တက်လာမှုသည်

26 Aug 2024

      တရုတ်နိုင်ငံထံမှ ဈေးပေါပြီး အရည်အသွေးလျော့နည်းသော ကုန်ပစ္စည်းများ Online Platform တွင်သာမက Physical Platform တွင်ပါ လွှမ်းမိုးလာမှုသည် ထိုင်းနိုင်ငံတွင် အရေးကြီးသည့် ကိစ္စရပ်တစ်ခု ဖြစ်လာပြီး ထိုင်းစီးပွားရေးလုပ်ငန်းရှင်းများနှင့် စားသုံးသူများကို ၎င်းတိုး၏ သက်ရောက်မှုနှင့်ပတ်သက်၍ စိုးရိမ်စိတ်များဖြစ်ပေါ်စေလျက်ရှိကြောင်း သိရပါသည်။ တရုတ်ကုန်ထုတ်လုပ်သူများထံမှ ဈေးပေါသည့် ကုန်ပစ္စည်းများကို ကြားခံမလိုပဲ တိုက်ရိုက် ရောင်းချပေးသည့် တရုတ် e-commerce လုပ်ငန်း Temu က ထိုင်းနိုင်ငံ ဈေးကွက်အတွင်းသို့ ဝင်ရောက်ရန် ဆုံးဖြတ်ခဲ့ပြီးနောက် ထိုင်းစီးပွားရေးလုပ်ငန်းများထိခိုက်မည်ကို စိ

26 Aug 2024

   အမေရိကန်နှင့် တရုတ်နိုင်ငံတို့ကြား ကုန်သွယ်ရေးစစ်ပွဲကြောင့် တရုတ်နိုင်ငံ၏ အမေရိကန်သို့ တင်ပို့မှုလျော့ကျပါက ထိုင်းနိုင်ငံသည် အမေရိကန်သို့ ပိုမိုမြင့်မားစွာ တင်ပို့နိုင်ပြီး အကျိုးကျေးဇူးရရှိနိုင်ကြောင်း စက်မှုလုပ်ငန်းစီးပွားရေးရုံး(OIE) ၏ ပြောကြားချက်အရ သိရ ပါသည်။ OIE၏ ညွှန်ကြားရေးမှူး ချုပ်ဖြစ်သူ Warawan Chitaroon က ထိုင်းနိုင်ငံသည် အာဆီယံတွင် အဓိကကုန်ထုတ်လုပ်ရသည့်နိုင်ငံဖြစ်ပြီး နိုင်ငံများစွာသို့ ကုန်ပစ္စည်းများ တင်ပို့လျှက် ရှိကြောင်းနှင့် ကုန်သွယ်ရေးစစ်ပွဲသည် ထိုင်းကုန်ထုတ်လုပ်သူများနှင့် တင်ပို့သူများ ကို အခွင့်အလမ်းသစ် ပံ့ပို့ပေးနိုင်ကြောင်း ပြောကြားခဲ့ပါသည်။ ထိ

26 Aug 2024

     ထိုင်းနိုင်ငံရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ (BOI) ထံမှ  ၁ ဘီလီယံ တန်ဖိုးရှိသည့် စီမံကိန်း ခွင့်ပြုချက်ရပြီးနောက် တောင်ကိုရီးယားအခြေစိုက် ဟွန်ဒိုင်းကုမ္ပဏီသည် ၂၀၂၆ ခုနှစ်မှစ၍ ဘတ်ထရီလျှပ်စစ်မော်တော်ယာဉ်များနှင့် ဘတ်ထရီများကို ထိုင်းနိုင်ငံ၌ တိုက်လုပ်သွားရန် စီစဉ်နေကြောင်း သိရပါသည်။ EV 3.5 ဟုသိကြသည့် လျှပ်စစ်မော်တော်ယာဉ်သုံးစွဲရန် ဆွဲဆောင်မှု ကမ်းလှမ်းချက်အောက်ရှိ စီမံကိန်းအတွက် ဘုတ်အဖွဲ့ထံမှ ခွင့်ပြုချက်ရရှိပြီး နောက်အစီအစဉ်ကို ကြေညာခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်။ အစိုးရသည် ထုတ်လုပ်သူများကို ဆွဲဆောင်မှု မက်လုံးများ စီစဉ်ပေးသည့်အပြင် သုံးစွဲသူများအတွက်လည်း လျှပ်စစ်မော်တော

Pages