
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ စစ်ဆေးရေးအရာရှိ ဦးသိန်းထွန်းနှင့် ဝန်ထမ်းများသည် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ်စိစစ် ထုတ်ပေးခြင်း၊ မြေပြင်လုပ်ငန်းနှင့်မှတ်ပုံတင်ထားမှု ကိုက်ညီမှုရှိ/ မရှိ၊ လုပ်ငန်းလိပ်စာမှန်ကန်မှုရှိ/ ရှိကို (၁၈.၁၁.၂၀၂၅) ရက်နေ့ ၊နံနက်(၁၂း၀၀)နာရီအချိန်တွင် ဗိုလ်မိုးကြိုးလမ်း၊ (၉)ရပ်ကွက်၊ အရှေ့ဒဂုံမြို့နယ်သို့သွားရောက်၍ “ဘေဘီဂျီနယပ်ကလေးအဝတ်အထည်ပင်ရင်း” Online Shop မှ အဝတ်အထည်နှင့်ဆက်စပ်ပစ္စည်းများအား Online မှတ်ပုံတင်မြေပြင်စစ်ဆေးခဲ့ကြောင်းသိရှိ ရပါသည်။
ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက အွန်လိုင်းစနစ်နဲ့ရောင်းချခြင်း လုပ်ငန်းနှင့်ပတ်သက်၍ မြေပြင်စစ်ဆေးရမည့်အချက်(၁၈) ချက်နှင့် ကိုက်ညီမှုရှိ/ မရှိ စစ်ဆေး ခြင်းနှင့်အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်းလုပ်ကိုင်ခြင်းကို အရေးကြီးကုန်စည်ဝန်ဆောင်မှု ဥပဒေအဖြစ်သတ်မှတ်ထားကြောင်း မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)
