Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
18 Dec 2023

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏အစီအစဉ်ဖြင့် ကျွန်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမျိုးတင့်ထူးနှင့် မစဖ အဖွဲ့ဝင်များ ၊ စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးစိုးထိုက်၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင် တို့ပူးပေါင်းကာ (၆.၁၂.၂၀၂၃)၊ (၈.၁၂.၂၀၂၃) နှင့် (၁၂.၁၂.၂၀၂၃) ရက်နေ့များတွင် နံနက်(၀၇:၀၀)နာရီအချိန်မှ (၀၈:၃၀) အချိန်ထိ  ပိတောက်မြိုင်ရပ်ကွက်၊ ပိတောက်မြိုင်ဈေးနှင့်  သစ်ရာမြိုင်ရပ်ကွက်၊ သစ်ရာမြိုင်ဈေး

18 Dec 2023

   ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်ရှိ  သီလဝါစက်မှုဇုန်၊ Wilmar ဆီကန်မှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များနှင့် အခြားတိုင်းဒေသကြီး /     ပြည်နယ်များရှိ ကိုယ်စားလှယ်များသို့ စားအုန်းဆီများ နေ့စဉ်ထုတ်ပေးလျက်ရှိပါသည်။ စားအုန်းဆီအား ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားအုန်းဆီတင်သွင်း/သိုလှောင်/ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ အပတ်စဉ်ထုတ်ပြန်ထားသော အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းအ

18 Dec 2023

   ညောင်နှစ်ပင်ဥယျာဉ်ခြံသို့ မှော်ဘီမြို့နယ်မှ ဒေါ်ဖြူဖြူမြင့်၊ ဒု-ကြီးကြပ်ရေးမှူးတို့သည် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးထားရှိမှုအခြေအနေကို သွားရောက်လေ့လာခဲ့ရာ (၂၀၂၃-၂၀၂၄) ခုနှစ်တွင် စိုက်ပျိုးသီးနှံများမှာ မုန့်ညင်းဖြူ၊ မုန့်ညင်းစိမ်း၊ ယုဆိုင်၊ ထိုင်ဝမ်မုန့်ညှင်း၊ ကိုက်လန်၊ ကန်စွန်း၊ ချဉ်ပေါင်၊ ကွိဆိုင်၊ ဂွေးတောက်၊ သခွါး၊ ဘူးသီး၊ ကင်ပွန်းချဉ်တို့ကို အဓိကစိုက်ပျိုးထားပြီး စိုက်ပျိုးရေးဉီးစီးဌာန၊ ညောင်နှစ်ပင်ဉယျာဉ်ခြံ၌ စိုက်ဧက (၁၈၀) ဧကရှိပြီး ယခုအချိန်တွင် သီးနှံများကို ဧက (

18 Dec 2023

   စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၌ ကွမ်းကို မိမိတို့အိမ်ခြံဝင်းအတွင်း တစ်နိုင်တပိုင်အနေဖြင့် လည်းကောင်း၊ အပိုဝင်ငွေရရှိရန်အတွက်လည်းကောင်း စိုက်ပျိုးကြကြောင်း၊ ကွမ်းကို ဆောင်းစိုက်နှင့် မိုးစိုက်ဟူ၍ နှစ်မျိုး ခွဲစိုက်ပျိုးကြရာ မိုးစိုက်သည် ပိုးကျလွယ်သည့်အတွက် အနည်းငယ်သာ စိုက်ပျိုးကြပြီး ဆောင်းစိုက်ကိုသာ ပိုမိုစိုက်ပျိုးကြကြောင်း သိရသည်။

18 Dec 2023

    စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ ဈေးများတွင် ဒီဇင်ဘာလ(ဒုတိယ)ပတ်အတွင်း ‌ရွှေဘိုပေါ်ဆန်း (သစ်)(တစ်အိတ်)လျှင် ၉၅,၀၀၀ကျပ်၊ ‌ရွှေဘို ပေါ်ဆန်း (ဟ)(တစ်အိတ်)လျှင် ၁၄၅,၀၀၀ကျပ်၊ ဧရာမင်း(ဆန်) (သစ်) (တစ်အိတ်)လျှင် ၉၀,၀၀၀ ကျပ်၊ဧရာမင်း(ဆန်) (ဟ) (တစ်အိတ်)လျှင် ၁၄၅,၀၀၀ ကျပ်၊ ဧည့်မထ ဆန်(သစ်)  (တစ်အိတ်)လျှင် ၆၅,၀၀၀ ကျပ်၊ ဧည့်မထဆန်(ဟ)  (တစ်အိတ်)လျှင် ၆၅,၀၀၀ ကျပ်၊ ပဲဆီ(တစ်ပိဿာ)လျှင် ၁၂၅၀၀ ကျပ်၊ နှမ်းဆီ (တစ်ပိဿာ) လျှင် ၁၂၅၀၀ ကျပ်၊ နေကြာဆီ(တစ်ပိဿာ)လျှင် ၁၂၅၀၀ကျပ်၊ စားအုန်းဆီ (တစ်ပိဿာ) လ

Pages