Main menu

ဘိုကလေးမြို့နယ်၊ကုလားကြီးချောင်းကျေးရွာရှိ အ.လ.ကခွဲကုလားကြီးချောင်း ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ဘိုကလေးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ပြန်/ဆက် ဦးစီးဌာနနှင့်အတူ ပူးပေါင်း၍ ၂၀၂၅ခုနှစ်၊နိုဝင်ဘာလ(၁၂)ရက်နေ့ နံနက်(၁၀:၀၀) နာရီတွင် ကုလားကြီးချောင်းကျေးရွာရှိ လခွဲကုလားကြီးချောင်း ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းများဆောင်ရွက်ခဲ့ပါသည်။

       ထိုဟောပြောပွဲတွင်ပြန်/ဆက်ဦးစီးမှူးမှစာဖတ်ရှိန်မြှင့်တင်ရေးအတွက်  အသိပညာပေး ဟောပြောခဲ့ပြီး စားသုံးသူရေးရာမြို့နယ်ဦးစီးမှူးမှ အခန်း(၁၈)ပါကုန်အညွှန်းအမှတ်အသားအကြောင်းနှင့် ဆိုးဆေးပါသောအစားအသောက်များမစားကြရန်နှင့် ဝယ်ယူရာတွင်ရွေးချယ် ဝယ်ယူစားသောက်ကြရန် ဆရာ/ဆရာမ(၈) ဦးနှင့် ကျောင်းသား/သူ(၁၅၀)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

( Doca ဧရာဝတီ )