Main menu

အ.မ.က မူလွန်ဖရဲကျောင်းတွင် အသိပညာပေး ဟောပြောပွဲကျင်းပ

Powered by Drupal

            ရှမ်းပြည်နယ် စားသုံးသူရေးရာဦးစီးဌာန ဦးခွန်ကျော်ဌေး လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သောအဖွဲ့သည်(၁၃.၁၁.၂၀၂၅)ရက်နေ့ ညနေ(၂:၀၀)နာရီအချိန်တွင် တောင်ကြီးမြို့နယ် အ.မ.က မူလွန်ဖရဲကျောင်းရှိ ဆရာ/ဆရာမများ၊ ကျောင်းသူ/ကျောင်းသားများအား အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

          စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲတွင် ဦးခွန်ကျော်ဌေး လက်ထောက်ညွှန်ကြား ရေးမှူးက အဖွင့်အမှာစကားပြောကြားပြီး  ဦးတင်ဌေး(ရုံးအုပ်)မှ ကုန်စည်/ဝန်ဆောင်မှုများနှင့် ပတ်သက် သည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း ဆိုင်ရာအချက်အလက်များနှင့်    နစ်နာဆုံးရှုံးမှုများဖြစ်ပေါ် လာပါက တိုင်ကြားနိုင်ခြင်းနှင့်တိုင်ကြားနိုင်သည့် နည်းလမ်းများ ရှင်းလင်းဆွေးနွေးခဲ့ပြီး ဒုတိယဦးစီးမှူး ဒေါ်တင်တင်အေးမှ စားသုံးသူကာကွယ်ရေး ဥပဒေတွင်ပါရှိသော စားသုံးသူအခွင့်အရေးနှင့်တာဝန်များ အကြောင်း အသိပညာပေးဟောပြော ဆွေးနွေးခဲ့ပါသည်။

DOCA(ရှမ်း)