
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ဒုတိယပြည်နယ်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ဦးဝင်းဇော်(ဦးစီးအရာရှိ)နှင့် ဝန်ထမ်း များသည် (၁၂-၁၁-၂၀၂၅)ရက်နေ့တွင် “စိတ်တိုင်းကျ”ဆန်ဆိုင်၊ “ဒေဝီ”ဆန်ဆိုင်နှင့် “ရွှေပလိုင်း” ဆန်ဆိုင်များသို့ My Ro မှတ်ပုံတင်နိုင်ရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။ ကွင်းဆင်း စစ်ဆေးရာတွင် ဆန်၊ စပါး သိုလှောင်ရုံများအနေဖြင့် ဆန်တန်ချိန် ၂၅နှင့်အထက် သိုလှောင်ရုံ(သို့) စပါးတင်း၂၅၀၀ နှင့်အထက် သိုလှောင်ရုံတစ်မျိုးမျိုးကို ပိုင်ဆိုင်သူ စီးပွားရေးလုပ်ငန်းရှင်များအနေ ဖြင့် www.myro.com.mm တွင် ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ခြင်းလုပ်ငန်းကို ဆောင်ရွက်ရမည် ဖြစ်ကြောင်းနှင့် ပြည်တွင်း ဆန်ဈေးနှုန်းတည်ငြိမ်မှန်ကန်မှုရှိစေရေး ရှင်းလင်း ဆွေးနွေးပြောကြား ခဲ့ပြီး My Ro မှတ်ပုံတင်နိုင်ရေးအတွက် ဟောပြောဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ရှမ်း)
