Main menu

ဘီးလင်းမြို့နယ်၌(၁၀၅)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အခမ်းအနားကျင်းပ

Powered by Drupal

           ၁၄.၁၁.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ် ဘီးလင်းမြို့နယ်၌ (၁၀၅) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အ.ထ.က(ကန်သာယာ) ကျောင်း မဟော်သဓာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

          ရှေးဦးစွာ အခမ်းအနားကို အ.ထ.က (ကန်သာယာ)ကျောင်းမှ ကျောင်းသား၊ကျောင်းသူ လေးများက ဇာတိမာန်သီးချင်းဆီဆို၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့သည်။ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင် ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး သတိုမဟာသရေစည်သူ သတိုသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၁၀၅) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာအား မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးစည်သူအောင်က ဖတ်ကြားခဲ့သည်။

          ဆက်လက်၍ (၁၀၅) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်း၊မူလတန်း အဆင့်စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ဒုတိယ၊တတိယ ဆုရရှိကြသော ကျောင်းသား၊ကျောင်းသူလေးများကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးစည်သူအောင်နှင့် တာဝန်ရှိသူ အသီးသီးတို့က ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။

 DOCA (မွန်)