
၁၅.၁၁.၂၀၂၅ ရက်၊ ၁၅:၀၀ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်မြို့နယ် တာဝန်ခံသည် မော်လမြိုင်မြို့နယ် ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ လုပ်ငန်းများထိန်းသိမ်း ကြီးကြပ်ရေးဆပ်ကော်မတီနှင့်ပူးပေါင်း၍ မော်လမြိုင်မြို့၊ မြေနီကုန်းရပ်ကွက်၊ မြို့ရှောင်လမ်း ရှိ PUMA Power စက်သုံးဆီအရောင်းဆိုင်သို့ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အဆိုပါဆီဆိုင်၌ မြို့နယ် ကော်မတီမှ ရည်ညွှန်းဈေးနှုန်း အတိုင်းရောင်းချမှုရှိ/မရှိနှင့် အရောင်းဆိုင်ပိတ်ထားမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး ဆောင်ရွက် ခဲ့ရာ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် အရောင်းဆိုင်ဖွင့်လှစ်ရောင်းချနေသည်ကို စစ်ဆေး တွေ့ရှိရကြောင်း သိရှိရပါသည်။
DOCA (မွန်)
