Main menu

ဘိုကလေးမြို့၊စတိုးဆိုင်များတွင် သွားတိုက်ဆေးဘူးများ၌ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များ ပါဝင်မှုရှိ/မရှိကွင်းဆင်းစစ်ဆေး

Powered by Drupal

           စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်တို့သည် ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ(၂၃) ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ဘိုက‌လေးမြို့၊ (၄)ရပ်ကွက်၊ (၈)လမ်းရှိ စတိုးဆိုင်များတွင် ရောင်းချလျက်ရှိသောကုန်စည်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ပါဝင်မှု ရှိ/မရှိကွင်းဆင်း စစ်ဆေးခဲ့ပါသည်။ ကွင်းဆင်းစစ်ဆေးရာတွင် သွားတိုက်ဆေးဘူးအမျိုးမျိုးတို့၌ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များ ပြည့်စုံစွာရေးသားဖော်ပြထားကြောင်းကို စစ်ဆေးတွေ့ရှိရပြီး၊ ဈေးနှုန်းတည်ငြိမ်ရေးနှင့် တရားမဝင်ကုန်စည်များကိုလည်း ဝယ်ယူတင်သွင်း ဖြန့်ဖြူးရောင်းချခြင်းမပြုရန် တိုက်တွန်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)