Main menu

ဖျာပုံမြို့နယ်တွင် နေကြာစိုက် တောင်သူများ ဈေးကောင်းရလျက်ရှိ

Powered by Drupal

       ဖျာပုံမြို့နယ်တွင် နေကြာစိုက်ဧက(၅၇၄)ဧက စိုက်ပျိုးလျက်ရှိပြီး နေကြာပေါ်ချိန်တွင် တစ်ဧက ပျမ်းမျှ(၁၅)တင်းနှုန်းထွက်ရှိကာ တစ်ဧက ကုန်ကျစရိတ်မှာ ကျပ်(၃၀၀၀၀၀)ခန့် ကုန်ကျလျက်ရှိကြောင်း သိရသည်။

  ဖျာပုံမြို့နယ် ဇင်းဘောင်ကျေးရွာအုပ်စု၊ ငုတောကျေးရွာမှ တောင်သူဦးမောင်မောင်စိုး၏      နေကြာစိုက်ပျိုးမှု အခြေအနေအား မေးမြန်းကြည့်ရာ နေကြာစိုက်ဧက(၃၀)ဧက စိုက်ပျိုးပြီး ညီအစ်ကို  သုံးဦးပေါင်း၍ လုပ်ကိုင်သဖြင့် အလုပ်သမားငှားရမ်းခလျော့ချနိုင်ကြောင်း၊ ယခုအထွက်နှုန်းနည်းကြောင်း၊  ရာသီဥတု၊ မျိုးနှင့်ပိုးကျရောက်သဖြင့် အထွက်နှုန်းနည်းခြင်းဖြစ်ကြောင်း၊နေကြာတစ်တင်းကြိတ်ပါက  နေကြာဆီ(၂ / ၃)ပိဿာခန့် ထွက်ရှိပြီး၊   အနိမ့်ဆုံးမှာ(၂)ပိဿာခန့်  ထွက်ရှိကြောင်း၊လာမည့်နှစ်တွင် မျိုးကောင်းမျိုးသန့်ရရှိပြီး ရာသီဥတုကောင်းမွန်မည်ဆိုပါက ယခုနှစ်ထက် ပိုမိုထွက်ရှိမည်ဖြစ် ကြောင်း ၎င်းထံမှ သိရသည်။

    ဖျာပုံမြို့တွင် ဆီစက်တစ်စက်ရှိ၍ နေကြာစိုက်ပျိုးသူ တောင်သူများ အခက်အခဲမရှိစေရေးအတွက် ကြိတ်ခွဲပေးသွားမည်ဖြစ်ပြီး နေကြာများရောင်းမည်ဆိုလျှင်လည်း ကာလပေါက်ဈေးဖြင့်    ဝယ်ယူသွားမည်ဖြစ်ကြောင်း၊ ယနေ့နေကြာဆီ တစ်ပိဿာ ကာလပေါက်ရောင်းဈေးမှာ (၁၆၀၀၀)ကျပ်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)