ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal
04 May 2023

      ကမ္ဘာတစ်လွှား၌ တရုတ်နိုင်ငံမှသည် အမေရိကန်ပြည်ထောင်စု၊ ၎င်းမှ ဥရောပသမဂ္ဂတို့ တိုင်အောင် ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှု ကျဆင်းပြီး ဈေးနှုန်းများမြင့်တက်လျက်ရှိရာ ကမ္ဘာ့ဆန်ဈေးကွက်သည် ၂၀၂၃ ခုနှစ်တွင် နှစ်ပေါင်း ၂၀ အတွင်း ဈေးကွက်ပြတ်လပ်မှု အကြီးမားဆုံးအခြေအနေအဖြစ် မှတ်တမ်းတင်ဖွယ်ရှိကြောင်း သိရှိရပါသည်။

04 May 2023

     အိန္ဒိယနိုင်ငံ၏ ပဲမျိုးစုံတင်သွင်းမှုတန်ဖိုးမှာ ၄ နှစ်ဆက်တိုက် မြင့်တက်ခဲ့ပြီးနောက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကျဆင်းခဲ့ပါသည်။ အိန္ဒိယနိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် ပြည်ပကုန်သွယ်မှု ကနဦးခန့်မှန်းစာရင်းများအရ ပဲမျိုးစုံတင်သွင်းမှုမှာ တန်ဖိုးအားဖြင့် ရူပီးငွေ ၁၅၇၈၀.၇၃ ကုဋေရှိပြီး ယခင်နှစ်တင်သွင်းမှုတန်ဖိုး ရူပီး ၁၆၆၂၇.၅၈ ကုဋေနှင့် နှိုင်းယှဉ်ပါက ၅.၀၉% ကျဆင်းခဲ့ကြောင်း၊ အမေရိကန်ဒေါ်လာငွေတန်ဖိုးအရမူ ယခုနှစ် ပဲမျိုးစုံတင်သွင်းမှုသည် ဒေါ်လာ ၁.၉၄ ဘီလီယံရှိပြီး ယခင်နှစ် တင်သွင်းမှုတန်ဖိုး ဒေါ်လာ ၂.၂၂ ဘီလီယံအောက် ၁၂.၇၉% လျော့နည်းခဲ့ခ

25 Apr 2023

အိန္ဒိယနိုင်ငံတွင် ပြောင်းဈေးနှုန်းများမှာ အစိုးရက ထောက်ပံ့ပေးမည့် အခြေခံရည်ညွှန်းဈေးနှုန်းဖြစ်သည့် တစ်ကွင်တယ်လျှင် ၁၉၆၂ ရူပီးအောက်သို့ လျော့နည်းကျဆင်းနေသော်လည်း အရှေ့တောင်အာရှနှင့် ပင်လယ်ကွေ့ဒေသများသို့ သင်္ဘော တင်ပို့ရန်အတွက်မူ အရှိန်ယူနေရဆဲ ဖြစ်ကြောင်း သိရှိရပါသည်။

25 Apr 2023

အိန္ဒိယနိုင်ငံတွင် စားသုံးဆီဝယ်ယူတင်သွင်းသူများသည် နှစ်ပေါင်းများစွာကာလအတွင်း ပထမဆုံးအကြိမ်အနေဖြင့် စားအုန်းဆီတန်ချိန် ၇၅၀၀၀ ဝယ်ယူမည့် စာချုပ်များကို ပယ်ဖျက်ခဲ့ပြီး နေကြာဆီနှင့် ပဲပုပ်ဆီတို့ကဲ့သို့ အဆင့်မြင့်စားသုံးဆီများကို ပြောင်းလဲရွေးချယ်လာကြသည်ဟု အိန္ဒိယဆီလုပ်ငန်းရှင် ၅ ဦးက ပြောကြားကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြပါသည်။

25 Apr 2023

အိန္ဒိယနိုင်ငံတွင် ကြံရရှိမှု အကန့်အသတ်ရှိခြင်းနှင့် သကြားစက်ရုံများ အစောပိုင်းကာလ၌ပင် ပိတ်သိမ်းခဲ့ရခြင်းတို့ကြောင့် အောက်တိုဘာလ ၁ ရက်နေ့က စတင်ခဲ့သော ၂၀၂၂-၂၀၂၃ ခုနှစ် ထုတ်လုပ်ရောင်းဝယ်ရေးရာသီတွင် သကြားတန်ချိန်ပေါင်း ၃၁.၁ သန်းသာ ထုတ်လုပ်နိုင်ခဲ့ရာ ယခင်နှစ်ကာလနှင့် နှိုင်းယှဉ်ပါက  ၅.၄ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

25 Apr 2023

ပြည်တွင်း၌ မတ်ပဲနှင့် ပဲစဉ်းငုံများ၏ သိုလှောင်ထားရှိမှု လက်ကျန်အခြေအနေများ သိရှိရန်အတွက် အိန္ဒိယစားသုံးသူရေးရာဦးစီးဌာနမှ  အကြီးတန်းအရာရှိ ၁၂ ဦးသည် ကာနာတကာ၊ မဒ္ဒရာ ပရာဒေ့ရှ်၊ မဟာရသျှတရနှင့် တမီနာဒူပြည်နယ်များရှိ ချန်နိုင်း၊ မွန်ဘိုင်း ဆိပ်ကမ်းမြို့များ အပါအဝင် နယ်မြေဒေသ ၁၀ ခုသို့ ၁၅-၄-၂၀၂၃ နေ့မှ စတင်သွားရောက်လျက် ပဲမျိုးစုံ သိုလှောင်ရောင်းဝယ်သူများနှင့် ဈေးကွက်များသို့ ကွင်းဆင်းလေ့လာခဲ့ကြပါသည်။

25 Apr 2023

အိန္ဒိယနိုင်ငံတွင် ပဲစင်းငုံနှင့် မတ်ပဲ လက်ဝယ်သိုလှောင်ထားရှိမှုကို ထုတ်ဖော်ကြေညာရန် ညွှန်ကြားချက်ထုတ်ပြန်ခဲ့ပြီးနောက် အစိုးရ၏အချက်အလက်စင်္ကြန်စနစ်၌ လုပ်ငန်းရှင်များ၏ ကုန်လက်ကျန်ထုတ်ဖော်တင်ပြမှုအခြေအနေအပေါ် သုံးသပ် ဆွေးနွေးသည့် အစည်းအဝေးတစ်ရပ်ကို ၁၂-၄-၂၀၂၃ နေ့တွင် ကျင်းပရာ အိန္ဒိယစားသုံးသူရေးရာဦးစီးဌာနမှ အတွင်းဝန် Mr.

25 Apr 2023

အင်ဒိုနီးရှားနိုင်ငံ၌ စားအုန်းဆီလုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ကွက်ငယ်တောင်သူများ ဆီအုန်းစိုက်ပျိုးနိုင်ရေးအစီအစဉ် (Program for Smallholders’ plantation-PSR) ကို အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ပါသည်။

25 Apr 2023

ဗီယက်နမ်နိုင်ငံ၏ ပုစွန်တင်ပို့မှုမှာ ယခုနှစ်တွင် စိန်ခေါ်မှုများဖြင့် ရင်ဆိုင်နေရပြီး အထူးသဖြင့် ဈေးနှုန်းကျဆင်းမှုဖြစ်ကြောင်း ဗီယက်နမ်နိုင်ငံ ပင်လယ်စာတင်ပို့ထုတ်လုပ်သူများအသင်း၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ Mr. Trương Đình Hòe က ပြောကြားခဲ့ပါသည်။

25 Apr 2023

တရုတ်နိုင်ငံပြီးလျှင် ကမ္ဘာ့ဒုတိယ ဆန်အများဆုံးဝယ်ယူသည့် ဖိလစ်ပိုင်နိုင်ငံသည် ၂၀၂၇ ခုနှစ်တွင် ကောက်ပဲသီးနှံထုတ်လုပ်မှုအား အပြည့်အဝဖူလုံရန် ရည်မှန်းထားကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာနက အင်္ဂါနေ့ (ဧပြီ ၁၈)တွင် ပြောကြားခဲ့သည်။

25 Apr 2023

      ဖိလစ်ပိုင်နိုင်ငံ၌ မြင့်တက်လျက်ရှိသော ငွေကြေးဖောင်းပွမှုဖိအားများအား ကန့်သတ်ရန်နှင့် အဓိကစားသုံးသော ကောက်ပဲသီးနှံများ၏ ကုန်ကျစရိတ်ကို ထိန်းသိမ်းရန်တို့အတွက် အစိုးရက  နည်းလမ်းများ ရှာဖွေလျက်ရှိရာ အရန်စားနပ်ရိက္ခာ လျော့ပါးနိုင်ချေရှိမှုကို ဖြည့်ဆည်းနိုင်ရေးနှင့်စပ်လျဉ်း၍ ပြည်ပမှ ဆန်တန်ချိန် ၃၃၀၀၀၀ အား တင်သွင်းရန် ဖိလစ်ပိုင်အမျိုးသားစားနပ်ရိက္ခာအာဏာပိုင်အဖွဲ့ (NFA) က အဆိုပြုထားကြောင်း သိရှိရသည်။

25 Apr 2023

      အိန္ဒိယနိုင်ငံ၌ မျိုးစေ့အရည်အသွေးရှိသော အခွံပါစပါးများ (HS Code 10061010) ပြည်ပ သို့တင်ပို့ခြင်းအပေါ် ပို့ကုန်အခွန် ၂၀ ရာခိုင်နှုန်းကောက်ခံရန် သတ်မှတ်ထားရှိမှုအား ပယ်ဖျက်သည့် အကောက်ခွန်ဆိုင်ရာ အမိန့်ကြော်ငြာစာအမှတ် ၃၀/၂၀၂၃ ကို ၁၀-၄-၂၀၂၃ နေ့တွင်  အိန္ဒိယဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။

Pages