“စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲ” ခေါင်းစဉ်ဖြင့် Thursday Talk အသိပညာပေးဆွေးနွေး

Powered by Drupal

    ၂၀၂၃ခုနှစ်၊ မေလ(၁၈)ရက်နေ့၊ နံနက်( ၀၉:၃၀ )နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ဝန်ထမ်းများ စားသုံးသူကာကွယ်ရေးဥပဒေနှင့်စပ်လျဉ်း၍ အသိပညာဗဟုသုတများတိုးပွားစေရန်ရည်ရွယ်၍ “စားသုံးသူ ကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲ” ခေါင်းစဉ်ဖြင့် Thursday Talk အသိ ပညာပေးဆွေးနွေးပွဲ ကျင်းပဆောင်ရွက်ခဲ့ရာ စုစုပေါင်း ဝန်ထမ်း(၁၄)ဦးတက်ရောက်ခဲ့ပါသည်။

    အဆိုပါ Thursday Talk အသိပညာပေးဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဒေါ်နော်ကြူကြူက စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးရာတွင် စားသုံးသူများအခွင့်အရေး(၈)ချက်၊ စားသုံးသူများ လိုက်နာရမည့် တာဝန်(၄) ချက်၊ စီးပွား ရေးလုပ်ငန်းရှင်များ၏တာဝန်(၁၁)ချက်တို့အား တချက်ချင်းစီအသေးစိတ်ရှင်းလင်းခဲ့ပြီး ဆက်လက်၍ ကုန်စည်နှင့်ဝန်ဆောင်မှုနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များမှအာမခံချက်ပေးရမည့်အချက်များ၊ ကုန်စည်သို့မဟုတ်ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူမှ တောင်းဆိုနိင်သည့်အခွင့်အရေး များ၊နစ်နာဆုံးရှံးမှုများရှိပါက တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြ ခြင်းနှင့်စပ်လျဉ်း၍‌ဖော်ပြပါရှိရမည့်အချက်များ၊ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များ၊  Online မှ တိုင်ကြားရာတွင် တိုင်ကြားမှုပုံစံအဆင့်ဆင့်တို့အား လက်တွေ့သရုပ်ပြခြင်း အစရှိသည်တို့ကိုရှင်း လင်းဆွေးနွေးခဲ့ရာ တက်ရောက်သည့် ဝန်ထမ်းများကလည်း သိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြပြီး (၁၀:၀၀)နာရီအချိန်တွင် Thursday Talk ဆွေးနွေးခြင်းအား အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်းနှင့် Thursday Talk အသိပညာပေးဆွေးနွေးခြင်းဖြင့် ဝန်ထမ်းများ အသိ ပညာဗဟုသုတများတိုးပွားပြီး ဌာနလုပ်ငန်းများဆောင်ရွက်ရာတွင် အထောက်အကူဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ကယား)