တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်းရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

Powered by Drupal

      အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ (၁၇-၅-၂၀၂၃) ရက်နေ့မှ (၂၃-၅-၂၀၂၃) ရက်နေ့အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက်ရောင်းချနေကြောင်း သိရှိရပါသည်။ ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ်တစ်ပိဿာလျှင် ကျပ် (၁၀၀၀မှ ၁၅၀၀) အတွင်း၊ ဂေါ်ဖီထုပ်တစ်ထုပ်လျှင် ကျပ် (၁၀၀၀ မှ ၂၀၀၀) အတွင်း၊ ပန်းဂေါ်ဖီထုပ်တစ်ထုပ်လျှင် ကျပ် (၆၀၀ မှ ၁၅၀၀) အတွင်း၊ အာလူးတစ်ပိဿာလျှင် ကျပ် (၁၄၀၀ မှ ၂၁၀၀) အတွင်း၊ မုန်လာဥနတစ်ပိဿာလျှင် ကျပ် (၈၀၀ မှ ၁၅၀၀) အတွင်း ရွှေဖရုံသီးတစ်လုံးလျှင် ကျပ် (၁၅၀၀ မှ ၃၅၀၀) အတွင်း၊ ဘူးသီးတစ်လုံးလျှင် ကျပ် (၇၀၀ မှ ၁၃၀၀) အတွင်း၊ မုန်ညှင်း(ထုပ်)တစ်ပိဿာလျှင် ကျပ် (၂၀၀၀ မှ ၂၄၀၀) အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)တစ်ပိဿာလျှင် ကျပ် (၁၆၀၀ မှ ၂၁၀၀) အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း)တစ်ပိဿာလျှင် ကျပ် (၄၈၀၀ မှ ၆၅၀၀) အတွင်း၊ ကြက်သွန်ဖြူ(ကြူကုတ်)တစ်ပိဿာလျှင် ကျပ် (၆၅၀၀ မှ ၇၂၀၀) အတွင်း၊ ချင်းတစ်ပိဿာလျှင် ကျပ် (၄၅၀၀ မှ ၅၅၀၀) အတွင်း၊ ဆလပ်ရွက်တစ်စည်းလျှင် ကျပ် (၂၀၀ မှ ၂၅၀) အတွင်း၊ ချဉ်ပေါင်ရွက်တစ်စည်းလျှင် ကျပ် (၆၀ မှ ၁၀၀) အတွင်း၊ ခရမ်းသီး(ရှည်)တစ်ပိဿာလျှင် ကျပ် (၁၈၀၀ မှ ၂၄၀၀) အတွင်း၊ သံပရာသီးတစ်လုံးလျှင် ကျပ် (၂၀ မှ ၁၂၀) အတွင်း၊ ငရုတ်သီးစိမ်း(ကျောက်စိမ်း)တစ်ပိဿာလျှင် ကျပ် (၃၅၀၀ မှ ၄၅၀၀) အတွင်း၊ ဖရဲသီး(အကြီး၊ အလတ်၊ အသေး)တစ်လုံးလျှင် ကျပ် (၁၅၀၀ မှ ၈၀၀၀) အတွင်းဖြစ်ကြောင်း သိရှိရပါသည်။ တညင်းကုန်း လက်ကားဈေးကြီးအတွင်းသို့ ယခုရက်သတ္တပတ်အတွင်း သံပရာသီးအလုံးပေါင်း (၂၂၃၆၀၀) ကျော်၊ ခရမ်းသီး(ရှည်)ပိဿာပေါင်း (၁၀၁၁၀) ကျော်၊ ဘူးသီးအလုံးပေါင်း (၄၀၅၀) ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း (၂၄၃၅) ကျော်၊ ဂေါ်ဖီ ထုပ်ပေါင်း (၃၇၁၀၀) ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း (၁၉၅၀၀) ကျော်၊ မုန်ညှင်းထုပ်ပိဿာပေါင်း (၁၀၈၂၀) ကျော်၊ ဖရဲသီးလုံးပေါင်း (၃၆၀၀) ကျော်  စသည်ဖြင့် အသီးသီးကုန်အဝင်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)