ဆေးဝါးရောင်းချသောလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

Powered by Drupal

          ကယားပြည်နယ် ဆေးဝါးနှင့်ဆေးပစ္စည်း ဈေးကွက်စောင့်ကြည့်စစ်ဆေးကြပ်မတ်ရေးအဖွဲ့မှ ဈေးကွက်အတွင်း ဆေးဝါးနှင့်ဆေးပစ္စည်း အထောက်အကူပစ္စည်းများ သတ်မှတ်အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်စေရေးရည်ရွယ်၍ လွိုင်ကော်မြို့ပေါ်ရှိ ဆေးဝါးရောင်းချသော လုပ်ငန်းရှင်များအား ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ(၁၄)ရက်နေ့၊ နေ့လယ်(၁၄း၀၀)နာရီအချိန်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

          ဆွေးနွေးပွဲတွင် ပြည်နယ်‌ဆေးဝါးနှင့်ဆေးပစ္စည်းဈေးကွက် စောင့်ကြည့်စစ်ဆေး ကြပ်မတ်ရေးအဖွဲ့ဥက္ကဌ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစန်းဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ စစ်ဆေးကြပ်မတ်ရေးအဖွဲ့ အတွင်းရေးမှူး ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးကျော်ဝင်းက ကွင်းဆင်းစစ်ဆေးရခြင်းနှင့် အဖွဲ့၏ ဆောင်ရွက်ရမည့်လုပ်ငန်း အစီအမံများကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသော လုပ်ငန်းရှင်များမှ Covid-19 ကူးစက်မှုများပြားလာသောအခါ မိမိတို့၏ အရောင်းဝန်ထမ်းများမှာ စိုးရိမ်မှုကြောင့် လာရောက်ခြင်းမရှိသဖြင့် အခက်အခဲများရှိကြောင်း၊ ဆေးဝါးများ မှာယူရာတွင်လည်း အခက်အခဲများရှိကြောင်း၊ ကုမ္ပဏီများကလည်း ငွေရောက်မှပစ္စည်းပို့ပေးသဖြင့် ငွေလွှဲ၊ ငွေထုတ် ဘဏ်စနစ်များလည်း အခက်အခဲများရှိသဖြင့် ကြုံတွေ့ရသောအခက်အခဲများကို ကူညီပေးစေလိုကြောင်း ဆွေးနွေးတင်ပြကြရာ တာဝန်ရှိပုဂ္ဂိုလ်များကလည်း ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။