မလေးရှားနိုင်ငံ၌ စားအုန်းဆီကြမ်း ရည်ညွှန်းစျေးနှုန်းကို တိုးမြှင့်သတ်မှတ်

Powered by Drupal

မလေးရှားနိုင်ငံသည် စက်တင်ဘာလအတွက် စားအုန်းဆီကြမ်း (CPO) ၏ ပို့ကုန်အခွန်ကို ၈% ဖြင့် ဆက်လက်ထိန်းသိမ်းလျက် စားအုန်းဆီကြမ်း ရည်ညွှန်းစျေးနှုန်းကို တိုးမြှင့်ခဲ့ကြောင်း မလေးရှားစားအုန်းဆီဘုတ်အဖွဲ့၏ ဝက်ဘ်ဆိုက်တွင် ဩဂုတ်လ ၂၂ ရက်၊ အင်္ဂါနေ့၌ ဖော်ပြခဲ့သည်။

ကမ္ဘာ့ဒုတိယအကြီးဆုံး စားအုန်းဆီတင်ပို့သူဖြစ်သည့် မလေးရှားအနေဖြင့် သြဂုတ်လ အတွက် စားအုန်းဆီကြမ်း ရည်ညွှန်းစျေးနှုန်းကို မက်ထရစ်တစ်တန်လျှင် ၃၆၁၄.၂၈ ရင်းဂစ်ငွေ သတ်မှတ်ထားရာမှ စက်တင်ဘာလအတွက် ရည်ညွှန်းဈေးနှုန်းကို တစ်တန်လျှင် ၃၇၅၅.၁၃ ရင်းဂစ် (အမေရိကန်ဒေါ်လာ ၈၀၈.၀၈) သို့ တိုးမြှင့်ခဲ့သည်။

စားအုန်းဆီကြမ်းအတွက် ပို့ကုန်အခွန်ကို တစ်တန်လျှင် ရင်းဂစ်ငွေ ၂၂၅၀ မှ ၂၄၀၀ အတွင်း ၃% ဖြင့် စတင် ကောက်ခံခဲ့သော်လည်း ဈေးနှုန်းများမှာ တစ်တန်လျှင် ရင်းဂစ်ငွေ ၃၄၅၀ ထက် ကျော်လွန်သွားသည့်အချိန်တွင် ပို့ကုန်အခွန်အား ၈% ဖြင့် အမြင့်ဆုံးနှုန်းထားအဖြစ် သတ်မှတ်ထားခဲ့ကြောင်း သိရသည်။

Source: The Edge Malaysia, 22 Aug 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)