မွန်ဘိုင်းမြို့အခြေစိုက် အိန္ဒိယဆီစက်လုပ်ငန်းရှင်းများအသင်း (SEA) ၏ ဥက္ကဋ္ဌဖြစ်သူ Ajay Jhunjhunwala ဦးဆောင်သော အဖွဲ့ဝင် ၁၉ ဦးပါ ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းစားအုန်းဆီ ကဏ္ဍရှိ စီးပွားရေးအခွင့်အလမ်းသစ်များကို လေ့လာရန်အတွက် ၂၃-၈-၂၀၂၃ နေ့တွင် ထိုင်းနိုင်ငံ၏ ဆီအုန်း စိုက်ပျိုးရာ Surat Thani ဒေသ သို့ သွားရောက်မည်ဖြစ်ကြောင်းနှင့် ၎င်းခရီးစဉ်မှတစ်ဆင့် ထိုင်းအစိုးရ အရာရှိများ၊ စားအုန်းဆီ ထုတ်လုပ်သူများနှင့် တင်ပို့ရောင်းချသူများနှင့်လည်း ချိတ်ဆက်သွားမည် ဖြစ်ကြောင်း အဆိုပါ အသင်းက ပြောကြားခဲ့သည်။
အဆိုပါခရီးစဉ်သည် စားအုန်းဆီကုန်သွယ်မှုပြုနိုင်ရေးဟူသည့် ရည်မှန်းချက်ကို အောင်မြင် စွာ အကောင်အထည်ဖော်နိုင်မည့် ဆုံးဖြတ်ချက်အားလုံးအတွက် အပြုသဘောဆောင်သော တည် ဆောက်မှု ခရီးစဉ်တစ်ခုဖြစ်ကြောင်းဖြင့် YTL Cement ၏ မဟာဗျူဟာမြောက်ဖော်ဆောင်ရေး အကြီးအကဲဖြစ်သူ Clarisse Loh က ပြောကြားခဲ့သည်။
SEA ၏ ထုတ်ပြန်ချက်တွင် အိန္ဒိယ-ထိုင်း နှစ်နိုင်ငံကုန်သွယ်မှု တိုးမြင့်လာစေရေးအတွက် အဓိပ္ပါယ်ရှိသည့်မိတ်ဆက်ဆက်ဆံရေးကို ထူထောင်နိုင်ရန် ရည်မှန်းလျက် အိန္ဒိယ၏ စားအုန်းဆီ လုပ်ငန်းကို အမြင့်ဆုံးအထိ ရောက်ရှိစေရေးအလို့ငှာ မောင်းနှင်သွားမည်ဖြစ်ကြောင်းဖြင့် ဖော်ပြ ထားသည်။
အဆိုပါခရီးစဉ်အတွင်း တင်သွင်းသူများနှင့်သန့်စင်သည့်လုပ်ငန်းရှင်များသည် ထိုင်းနိုင်ငံ၏ စားအုန်းဆီလုပ်ငန်းနှင့် သယ်ယူပို့ဆောင်ရေးဆိုင်ရာထောက်ပံ့မှုကွန်ရက်များကို လေ့လာချဉ်းကပ် လျက် ဆီအုန်းနယ်ပယ်တွင် အဓိကပါဝင်သူများနှင့် တိုက်ရိုက်ချိတ်ဆက်မှုများကို ဖွံ့ဖြိုးတိုးတက် စေရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ မွန်ဘိုင်းတွင် ရှေ့လာမည့်လ၌ ကျင်းပမည့် Globoil India-2023 အခမ်းအနားသို့ ထိုင်းကုမ္ပဏီများကို ဖိတ်ကြားနိုင်မည့် အခွင့်အရေးအဖြစ် ယခုခရီးစဉ်တွင် အသုံးချသွားမည်ဖြစ်ကြောင်းဖြင့် သိရသည်။
ကမ္ဘာ့စားအုန်းဆီ ကုန်သွယ်မှု၏ ၈၅% ခန့်ရှိသည့် ထိပ်တန်းစားအုန်းဆီ ထုတ်လုပ်သူ အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့နောက်တွင် ထိုင်းနိုင်ငံ၏ စားအုန်းဆီထုတ်လုပ်မှုမှာ တတိယနေရာ၌ ရပ်တည်လျက်ရှိကြောင်း၊ ထိုင်းနိုင်ငံသည် တစ်နှစ်လျှင် စားအုန်းဆီတန်ချိန် တစ်သန်းခန့် အိန္ဒိယသို့ တင်ပို့လျက်ရှိရာ အိန္ဒိယစားအုန်းဆီတင်သွင်းမှု စုစုပေါင်း၏ ၁၅% ကို ကိုယ်စားပြုလျက်ရှိကြောင်း၊ ၂၀၂၂ခုနှစ် နိုဝင်ဘာလမှ ၉ လတာ ကာလအတွင်း ထိုင်းနိုင်ငံမှ အိန္ဒိယသို့ စားအုန်းဆီကြမ်း တန်ချိန် ၆၇၁၃၄၅ နှင့် သန့်စင်အရောင်ချွတ်ပြီး အနံ့ချွတ်ထားသည့် စားအုန်းဆီချော တန်ချိန် ၁၁၄၉၉ တန် တင်ပို့ခဲ့ကြောင်း၊ အင်ဒိုနီးရှားအနေဖြင့် စားအုန်းဆီကြမ်း တန်ချိန် ၂.၆၂ သန်းနှင့် စားအုန်းဆီချော တန်ချိန် ၁.၃၃သန်း တင်ပို့ခဲ့ကြောင်း၊ မလေးရှား အနေဖြင့် စားအုန်းဆီကြမ်း တန်ချိန် ၁.၈၆ သန်းနှင့် စားအုန်းဆီချော ၂၇၃၅၁၉ တန် တင်ပို့ခဲ့ကြောင်း SEA က ဖော်ပြထားသည်။
Source: The Edge Malaysia, 22 Aug 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)