ကမ္ဘောဒီးယားမှ အင်ဒိုနီးရှားသို့ ပထမဆုံးအကြိမ် ဆန်တင်ပို့

Powered by Drupal

    ကမ္ဘောဒီးယားနိုင်ငံမှ အင်ဒိုနီးရှားနိုင်ငံသို့ ပထမဆုံးအကြိမ် တင်ပို့ခဲ့သော ဆန်များတင်ဆောင်လာသည့် သင်္ဘောသည် အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်း ဂျာဗားပြည်နယ်ရှိ ဆီမာရမ်မြို့သို့ ၂-၁၁-၂၀၂၃ နေ့တွင် ဆိုက်ရောက်ခဲ့ပြီဖြစ်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မနက်က ပြောကြားခဲ့ပါသည်။

    ယခုကဲ့သို့ အင်ဒိုနီးရှားဈေးကွက်သို့ ပထမဆုံးအကြိမ် ဆန်တင်ပို့နိုင်ခဲ့ခြင်းမှာ နှစ်နိုင်ငံအကြား စေ့စပ်ဆွေးနွေးခဲ့မှုများ၏ ရလာဒ်အသီးအပွင့်များ ဖြစ်ကြောင်းနှင့် အင်ဒိုနီးရှားနိုင်ငံသို့ ဆန်တင်ပို့နိုင်ခြင်းက ကမ္ဘောဒီးယားနိုင်ငံ၏ ပို့ကုန်ပမာဏမြင့်တက်လာစေရန်နှင့် တောင်သူလယ် သမားများ၏ လူနေမှုဘဝများ တိုးတက်စေရန် အထောက်အကူပြုမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဟွန်မနက်က ၄င်း၏တရားဝင် တယ်လီဂရမ်ချန်နယ်တွင် ဖော်ပြခဲ့ပါသည်။

    ၂ဝ၂၃ ခုနှစ် ဩဂုတ်လအတွင်း အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံထံမှ ဆန်တန်ချိန် ၁၂၅ဝဝဝ ဝယ်ယူရန် သဘောတူညီခဲ့ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် အင်ဒိုနီးရှားသို့ ဆန်ဖြူ တန်ချိန် ၃၅၀၀ တင်ပို့နိုင်ခဲ့ခြင်းဖြစ်သည်။ ကမ္ဘောဒီးယားဆန်စပါးအဖွဲ့ချုပ်၏ မှတ်တမ်းများအရ ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၃ ခုနှစ် ပထမကိုးလအတွင်း နိုင်ငံပေါင်း ၅၇ နိုင်ငံသို့ ဆန်တန်ချိန် ၄၅၆၅၈၁ တန် တင်ပို့နိုင်ခဲ့ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၂၇.၄ သန်း ရရှိခဲ့ကြောင်းနှင့်  တရုတ်နိုင်ငံနှင့် ဥရောပဒေသတို့သည် ဆန်တင်ပို့ရာ အဓိကဈေးကွက်များဖြစ်ကြောင်း သိရှိရပါသည်။

Source: Khmer Times, 3 Nov 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)