အမြတ်အစွန်းအပေါ် အခွန်စည်းကြပ်မှုအား ပြန်လည်သုံးသပ်ရန် မလေးရှားကုန်သည်များက တောင်းဆို

Powered by Drupal

   မလေးရှားနိုင်ငံ၌ စားအုန်းဆီကဏ္ဍတွင် မမျှော်လင့်ပဲရရှိသော အမြတ်အစွန်းများအပေါ် ကောက်ခံသည့်အခွန် (windfall profit levy) စည်းကြပ်ခြင်းကို အစိုးရအနေဖြင့် ပြန်လည် သုံးသပ်ပေးရန် စားအုန်းဆီအသင်းအဖွဲ့များက ၆-၁၁-၂၀၂၃ ရက်၊ တနင်္လာနေ့တွင် တောင်းဆိုခဲ့ကြသည်။

   အဆိုပါ အခွန်စည်းကြပ်ရန်အတွက်  အမြတ်ငွေပမာဏ သတ်မှတ်ချက်ကို မြှင့်တင်ပေးရန်နှင့် ဆာဗားနှင့်ဆာရာဝပ်ပြည်နယ်များရှိ ဆီအုန်းစိုက်ပျိုးသူများအတွက် အခွန်နှုန်း ၃% သတ်မှတ် ချက်အား ယခင်အဆိုပြုနှုန်းထားဖြစ်သည့် ၁.၅% သို့ ပြန်လည်လျှော့ချပေးရန်လည်း မလေးရှား စားအုန်းဆီ အသင်းအဖွဲ့များက အစိုးရထံ  တိုက်တွန်းပြောကြားခဲ့ကြောင်း သိရှိရသည်။

   ကမ္ဘာ့ဒုတိယအကြီးဆုံး စားအုန်းဆီတင်ပို့သူ မလေးရှားနိုင်ငံအနေဖြင့်  မလေးကျွန်းဆွယ် ဒေသတွင် စားအုန်းဆီ မက်ထရစ် ၁ တန်လျှင် ရင်းဂစ်ငွေ ၃၀၀၀ (၆၂၇.၈၈ ဒေါ်လာ) အထက် ဈေး နှုန်းရရှိမှုများနှင့် နိုင်ငံ၏ ဆီအုန်းအများဆုံးစိုက်ပျိုးရာ ဆာဗားနှင့် ဆာရာဝပ် ပြည်နယ်များ၌ မက်ထရစ် ၁ တန်လျှင် ရင်းဂစ်ငွေ ၃၅၀၀ အထက် စားအုန်းဆီ ဈေးနှုန်းရရှိမှုများအတွက် မမျှော် လင့်ပဲရရှိသော အမြတ်အစွန်းအပေါ် ကောက်ခံသည့်အခွန်ကို ၃% စည်းကြပ်ထားရှိသည်။

    စက်တင်ဘာလအတွင်း မလေးရှားနိုင်ငံ စိုက်ပျိုးခင်းများနှင့် အဓိကကုန်စည်များဝန်ကြီးဌာနမှ ပြောကြားမှုအရ အစိုးရသည် အဆိုပါ အခွန်ကောက်ခံခြင်းကို သုံးသပ်လျက်ရှိကြောင်း၊ ရှေ့လာမည့်နှစ်အတွင်း အပြီးသတ်အစီရင်ခံနိုင်မည်ဟု မျှော်လင့်ရကြောင်း၊ သို့ရာတွင် အဆိုပါ အခွန်မူဝါဒကို ရုပ်သိမ်းမည့်အစီအစဉ်မရှိကြောင်းဖြင့် သိရပါသည်။

Source: The Star Online, 6 Nov 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)