ဆန်စပါးတန်ဖိုးကွင်းဆက် ဖွံ့ဖြိုးတိုးတက်ရေး ဖိလစ်ပိုင်တွန်းအားပေး ဆောင်ရွက်

Powered by Drupal

          ဖိလစ်ပိုင်နိုင်ငံတွင် ဆန်စပါးလုပ်ငန်းကို အားကောင်းလာစေရန်အတွက် သိသာထင်ရှား သော လှုပ်ရှားမှုတစ်ခုအဖြစ် စိုက်ပျိုးရေးဦးစီးဌာန၊ ကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်းဦးစီးဌာနနှင့် အမျိုးသားဆည်မြောင်းဦးစီးဌာန တို့သည် ဆန်စပါးတန်ဖိုးကွင်းဆက် ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် (Integrated Rice Supply Chain Development) အကောင်အထည်ဖော်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာတစ်စောင်ကို  ၂-၂-၂၀၂၄ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရှိရသည်။

          အဆိုပါ ပဏာမခြေလှမ်းသည် ဆန်စပါး ထောက်ပံ့ရေးကွင်းဆက်ကို ပြန်လည် ပြင်ဆင် ရန်၊ အွန်လိုင်းစနစ်ဖြင့် စီးပွားရေးလုပ်ငန်းရှင်များအကြား B2B စျေးကွက်စင်္ကြန်ကို မိတ်ဆက်ရန်၊ အခြားရွေးချယ်စရာ စျေးကွက်ရှာဖွေရေးနည်းလမ်းများဖွင့်လှစ်နိုင်ရန်၊ လယ်သမားများ၏ ဝင်ငွေ ကို မြှင့်တင်ပေးနိုင်ရန်နှင့် စားသုံးသူများအတွက် တတ်နိုင်သောဆန်ဈေးနှုန်းကို ဖြစ်ပေါ်စေရန် ရည်ရွယ်ကြောင်း သိရှိရပါသည်။

          အဆိုပါ နားလည်မှုစာချွန်လွှာသည် ဖိလစ်ပိုင်ဆန်၏ အရည်အသွေးနှင့် စျေးကွက် အသိ အမှတ်ပြုမှုကို မြှင့်တင်ပေးနိုင်သကဲ့သို့ စျေးကွက်နှင့် ထောက်ပံ့ရေးကွင်းဆက်၏ စွမ်းဆောင်ရည် ကို မြှင့်တင်ရာတွင်လည်း အရေးကြီးသောခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း၊ ထို့အပြင် ဖိလစ်ပိုင်၏ စိုက်ပျိုးရေးထွက်ကုန်များကို ကမ္ဘာ့အဆင့် မြှင့်တင်နိုင်စေမည်ဖြစ်ကြောင်းဖြင့် စိုက်ပျိုးရေးဌာန အတွင်းဝန်ဖြစ်သူ Francisco Tiu Laurel, Jr. က အလေးပေးပြောကြားခဲ့ပါသည်။

          ဖိလစ်ပိုင်နိုင်ငံ၌ စိုက်ပျိုးရေးလုပ်ငန်းသည် စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုတန်ဖိုးတွင် ၉% ပါဝင်လျက်ရှိပြီး လူဦးရေ ၄၉.၇ သန်းရှိသော နိုင်ငံလုပ်သား အင်အား၏ ၂၅% ခန့်ကို အလုပ်အကိုင် ပေးထားနိုင်ကြောင်း သိရှိရပါသည်။

Source: BNN Breaking News, 3 February 2024