ဝန်ကြီးချုပ်၏ ကမ္ဘာလှည့်ချစ်ကြည်ရေးအလည်အပတ်ခရီးစဉ်များအပြီး ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံခန့်ရရှိရန် ထိုင်းနိုင်ငံမျှော်မှန်း

Powered by Drupal

     ဝန်ကြီးချုပ် မစ္စတာ ဆရတ်သာ၏ ကမ္ဘာလှည့်ချစ်ကြည်ရေး အလည်အပတ်ခရီးစဉ်များကြောင့် ထိုင်းနိုင်ငံသည်လာမည့် သုံးနှစ်တာကာလအတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု များမှ အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံခန့် ရရှိရန်မျှော်လင့်လျက်ရှိပါသည်။ ဘတ် ၂၁၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၇.၇၆ ဘီလီယံ)ခန့်သည် နိုင်ငံတော်၏ မော်တော်ယာဉ်စက်မှုနယ်ပယ်သို့ ရင်းနှီးမြှုပ်နှံရန် ဝင်ရောက်လာနိုင်ပြီး တရုတ်နိုင်ငံ၏ လျှပ်စစ်ကားထုတ်လုပ်သည့် ကုမ္ပဏီများ ကလည်း အရှေ့တောင်အာရှ၏ ဒုတိယမြောက်စီးပွားရေးအင်အားအကြီးမားဆုံး ထိုင်းနိုင်ငံကို ထုတ်လုပ်မှုကွင်းဆက်အနေဖြင့် ထားရှိရန် မျှော်မှန်းလျက်ရှိကြောင်း ထိုင်းနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့၏ အထွေထွေအတွင်းရေးမှူးကပြောကြားခဲ့ပါသည်။ နည်းပညာကုမ္ပဏီများကလည်း အချက်အလက်စင်တာနှင့် Cloud ဝန်ဆောင်မှုများတွင် ဘတ် ၂၅၀ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံနိုင်ကြောင်း သိရပါသည်။ ထို့ပြင် တစ်ပိုင်းလျှပ်ကူးပစ္စည်းများ၏ ထုတ်လုပ်မှုကွင်းဆက်အနေဖြင့် ပထမဆုံးရင်းနှီးမြှုပ်နှံကြရန်လည်း ထိုင်းနိုင်ငံက မျှော်လင့်လျက်ရှိပါသည်။ ဝန်ကြီးချုပ် မစ္စတာ ဆရတ်သာ သည် စက်တင်ဘာလတွင် ရာထူးစတင်ယူပြီးချိန်မှစ၍ နိုင်ငံပေါင်း ၁၄ နိုင်ငံသို့ အလည်အပတ် ခရီးသွားရောက်ခဲ့ပြီး ကုမ္ပဏီ ပေါင်း ၆၀ ကျော်မှ ထိပ်တန်းအလုပ်အမှုဆောင် အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရပါသည်။

Source : The Business Times

DOCA(ရန်ကုန်)