ဆန်တန်ချိန် (၁၅၀၀) အား ပြည်ပသို့တင်ပို့ရန်အတွက် ဟင်္သာတဆိပ်ကမ်းမှ သင်္ဘောတင်

Powered by Drupal

       ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်မှ ဧည့်မထ (၂၅%) ဆန် တန်ချိန် (၁၅၀၀)၊ အိတ်ရေအားဖြင့် ဆန်အိတ်(၃၀၀၀၀)ကို  ပြည်ပသို့တင်ပို့ရန်အတွက် ဟင်္သာတဆိပ်ကမ်းမှ သင်္ဘောတင်ခြင်းလုပ်ငန်းကို (၁၃-၅-၂၀၂၄) ရက်နေ့မှစ၍ ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့တင်ပို့ခြင်းကို ဧရာဟင်္သာကုမ္ပဏီက ဆောင်ရွက်ခြင်းဖြစ်ပြီး ဟင်္သာတမြို့ပေါ်ရှိဆန်စက်များမှ ဧည့်မထ(၂၅%) ဆန်တစ်အိတ်လျှင် ၇၅၀၀၀ကျပ်ဖြင့်ဝယ်ယူပြီး အာဖရိကတိုက်ရှိ အိုင်ဗရီကိုစ့်နိုင်ငံသို့ တင်ပို့မည်ဖြစ်ကြောင်းသိရှိရပါသည်။

          ဟင်္သာတဆိပ်ကမ်းတွင် "မြန်မာ့ဂုဏ်ရည်" တွဲသင်္ဘောပေါ်သို့ သင်္ဘောတင်ခြင်းလုပ်ငန်းကို (၁၃-၅-၂၀၂၄) ရက်နေ့မှ (၂၄-၅-၂၀၂၄) ရက်နေ့အထိ ဆောင်ရွက်မည်ဖြစ်ပြီး၊ (၂၅-၅-၂၀၂၄) ရက်နေ့တွင် ဟင်္သာတဆိပ်ကမ်းမှထွက်ခွာကာ ရန်ကုန်မြို့၊ ဆူးလေဆိပ်ကမ်း၌ (၁၉-၅-၂၀၂၄) ရက်နေ့တွင်ဆိုက်ကပ်မည့် နိုင်ငံခြား သင်္ဘောပေါ်သို့ ပြောင်းရွှေ့တင်ပို့မည်ဖြစ်ပါသည်။ ဟင်္သာတဆိပ်ကမ်း၌ ဧည့်မထ (၂၅%) ဆန်များ၏ အရည်အသွေးစစ်ဆေးခြင်းကို SGS ကုမ္ပဏီနှင့် COTECNA ကုမ္ပဏီတို့က လာရောက်စစ်ဆေးလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)