အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံခြားကြွေးမြီးသည် ယမန်နှစ်ကသုံးလပတ်တွင်ရရှိခဲ့သော ဒေါ်လာ၄၀၈.၅ ဘီလီယံနှင့်နှိုင်းယှဥ်ပါက ယခုနှစ်ပထမလပတ်တွင် အမေရိကန်ဒေါ်လာ ၄၀၃.၉ ဘီလီယံသို့ ကျဆင်းသွားကြောင်းအင်ဒိုနီးရှားနိုင်ငံ၏ဗဟိုဘဏ်မှ ဗုဒ္ဓဟူးနေ့တွင်ထုတ်ပြန်ကြေညာခဲ့ပါသည်။
အစိုးရ၏နိုင်ငံခြားကြွေးမြီးသည် ယခင်သုံးလပတ်တွင်ဒေါ်လာ(၁၉၆.၆)ဘီလီယံ ယခုနှစ်ပထမလပတ်တွင် ဒေါ်လာ (၁၉၂.၂) ဘီလီယံသို့ကျဆင်းသွားခဲ့ပါသည်။
“ကမ္ဘာ့ဘဏ္ဍာရေးစျေးကွက် မသေချာမရေရာမှုကို တုံ့ပြန်တဲ့အနေနဲ့ ပြည်တွင်းအစိုးရ Securities စျေးကွက်မှ နေထိုင်သူမဟုတ်တဲ့ ရင်းနှီးမြုပ်နှံသူတွေရဲ့ ရန်ပုံငွေတွေကို ပြန်လည်ချိန်ခွင်လျှာညှိခြင်းအားဖြင့် ဒီကျဆင်းမှုကိုလွှမ်းမိုးထားပါတယ်” ဟု Bank Indonesia ဆက်သွယ်ရေးဌာနကအကြီးအကဲ Erwin Haryono ကပြောကြားခဲ့သည်။ အလားတူပုဂ္ဂလိကကဏ္ဍမှ နိုင်ငံခြားကြွေးမြီးသည် ယခင်သုံးလပတ်တွင် ဒေါ်လာ(၁၉၈.၄) ဘီလီယံမှ ၁၉၇.၀ ဘီလီယံအထိကျဆင်းခဲ့ပါသည်။
စီမံဆောင်ရွက်သည့်လုပ်ငန်း ဘဏ္ဍာရေးနှင့် အာမခံဝန်ဆောင်မှုများ လျှပ်စစ်နှင့် သဘာဝဓာတ်ငွေ့ဝယ်ယူမှုအပြင် သတ္တုတွင်းနှင့် ကျောက်မိုင်းတွင်းလုပ်ငန်းများသည် စုစုပေါင်း (၇၈.၃)ရာခိုင်နှုန်းဖြင့် ပုဂ္ဂလိကနိုင်ငံခြားကြွေးမြီးများကို လွှမ်းမိုးထားသည့်ကဏ္ဍများဖြစ်ပါသည်။
DOCA(ရန်ကုန်)