ဥရောပမှလယ်ယာထွက်ကုန်ပစ္စည်းများကို တရုတ်စျေးကွက်အတွင်းသို့ပိုမိုတင်သွင်းခွင့်ပြု

Powered by Drupal

     ဥရောပမှလယ်ယာထွက်ကုန်ပစ္စည်းများအား တရုတ်စျေးကွက်အတွင်းသို့ ပိုမိုတင်သွင်းဝင်ရောက်နိုင်ရန်ခွင့်ပြုထားကြောင်း အကောက်ခွန်အထွေထွေအုပ်ချုပ်ရေးမှူးက ဗုဒ္ဓဟူးနေ့တွင်ပြောကြားခဲ့ပါသည်။

      နယ်သာလန်မှ ဝက်သား၊ ဆားဘီးယားမှ ဆီးသီး၊ ဘလူးဘယ်ရီသီးများနှင့် ဟန်ဂေရီမှ လတ်ဆတ်သောချယ်ရီသီးများကို နိုင်ငံ၏ကျန်းမာရေးလိုအပ်ချက်များနှင့် ကိုက်ညီသည့်အခြေအနေဖြင့် တရုတ်နိုင်ငံသို့တင်ပို့ခွင့်ပြုထားကြောင်း အုပ်ချုပ်ရေးအဖွဲ့က ပြောကြားခဲ့ပါသည်။

      စိုက်ပျိုးရေးနှင့်အစားအသောက်ထုတ်ကုန်များသည် တရုတ်-ဥရောပ စီးပွားရေးနှင့် ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်မှု၏ အရေးပါသောနယ်ပယ်တစ်ခု ဖြစ်လာခဲ့သည်။

       ၂၀၂၃ခုနှစ်တွင် တရုတ်နှင့် ဥရောပသမဂ္ဂ (EU) တို့သည် အပြန်အလှန်ကုန်သွယ်မှုတွင် ဒုတိယအကြီးဆုံး မိတ်ဖက်နိုင်ငံဖြစ်ကြောင်း နိုင်ငံတကာကုန်သွယ်မှုမြှင့်တင်ရေး တရုတ်ကောင်စီ၏ မကြာသေးမီက အစီရင်ခံစာအရသိရသည်။

DOCA(ရန်ကုန်)