Amazon သည် cloud ဝန်ဆောင်မှုများတိုးချဲ့ရန်အတွက် စင်္ကာပူတွင် ဒေါ်လာ ၉ဘီလီယံရင်းနှီးမြှုပ်နှံရန် အစီအစဉ်ရှိကြောင်းကြေညာခဲ့သည်။ မေလ ၇ရက်နေ့တွင် ကျင်းပသည့် Amazon Web Services (AWS) ASEAN Summit ၌ Seattle အခြေစိုက် နည်းပညာကုမ္ပဏီကြီးသည် မလေးရှားနှင့်ထိုင်းနိုင်ငံရှိ cloud ဝန်ဆောင်မှုများတွင် ဒေါ်လာဘီလီယံပေါင်းများစွာရင်းနှီးမြှုပ်နှံမှုများကို ထုတ်ဖော်ပြသခဲ့ပြီးနောက် ယခုကဲ့သို့ အစီအစဉ်ထွက်ပေါ်လာခြင်း ဖြစ်သည်။
“AWS သည် ဖောက်သည်ဝယ်လိုအားကို ပံ့ပိုးပေးရန်အတွက် ၂၀၂၄ခုနှစ်မှ ၂၀၂၈ခုနှစ်အထိ စင်္ကာပူတွင် ၎င်း၏ cloud အခြေခံအဆောက်အဦဆိုင်ရာ ရင်းနှီးမြှုပ်နှံများကို နှစ်ဆတိုးလာပြီး စင်္ကာပူ၏ ဆွဲဆောင်မှုရှိသော ဒေသဆိုင်ရာဆန်းသစ်တီထွင်မှုတစ်ခုအဖြစ် စင်္ကာပူ၏အဆင့်အတန်းကို အားဖြည့်ပေးသည်” ဟု AWS Country Manager Priscilla Chong က ပြောကြားခဲ့သည်။
ရင်းနှီးမြှုပ်နှံမှုသည် စင်္ကာပူစီးပွားရေးလုပ်ငန်းများတွင် တစ်နှစ်လျှင် အလုပ်အကိုင် ၁၂၀၀၀ကျော်နှင့် စင်္ကာပူ၏ ပြည်တွင်းအသားတင်ထုတ်ကုန် (GDP) တန်ဖိုးဒေါ်လာ ၂၃.၇ဘီလီယံအထိ ထောက်ပံ့ပေးနိုင်မည်ဖြစ်သည်။
Nvidia ၏ CEO ဖြစ်သူ Jensen Huang သည် ဒီဇင်ဘာလတွင် မလေးရှား၊ ဗီယက်နမ်နှင့် စင်္ကာပူနိုင်ငံများသို့ သွားရောက်လည်ပတ်ခဲ့ပြီး Apple ၏ CEO Tim Cook သည် ပြီးခဲ့သည့်လက စင်္ကာပူ၊ ဗီယက်နမ်နှင့် အင်ဒိုနီးရှားတို့သို့သွားရောက်လည်ပတ်ခဲ့သည်။
ကမ္ဘာလုံးဆိုင်ရာအတိုင်ပင်ခံကုမ္ပဏီ Kearney သည် AI နည်းပညာသည် ၂၀၃၀ခုနှစ်တွင် အရှေ့တောင်အာရှ၏ GDP အတွက် ၁ထရီလီယံနီးပါးပံ့ပိုးပေးနိုင်မည်ဟုခန့်မှန်းထားကြောင်းသိရှိရပါသည်။
Source: Aljazeera..com
DOCA(ရန်ကုန်)