(၂၀၂၂-၂၀၂၃) ခုနှစ်တွင် ပင်လယ်ထွက်ကုန်များတင်ပို့ရောင်းချမှုမှာ အမေရိကန်ဒေါ်လာ ၈ဘီလီယံခန့်ရရှိခဲ့ပြီး အမေရိကန်နှင့်ဥရောပကဲ့သို့သော အဓိကဈေးကွက်များတွင် ဝယ်လိုအားကျဆင်းမှုကြောင့် (၂၀၂၃-၂၀၂၄) ခုနှစ်အတွင်း အိန္ဒိယနိုင်ငံ၏ ရေထွက်ကုန်ပစ္စည်းများတင်ပို့မှု ၉ရာခိုင်နှုန်း(အမေရိကန်ဒေါ်လာ ၇.၃၇ဘီလီယံ)သို့ကျဆင်းသွားခဲ့ကြောင်း အိန္ဒိယနိုင်ငံ၏ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အချက်အလက်များအရသိရှိရသည်။ သို့သော်လည်း ပင်လယ်ထွက်ကုန်တင်ပို့သူများသည် ပြည်ပမှမှာယူမှုများအားကောင်းနေသောကြောင့် လာမည့် (၂၀၂၄-၂၀၂၅) ခုနှစ်အတွင်း ပင်လယ်ထွက်ကုန်များအား ပိုမိုတင်ပို့ရောင်းချနိုင်လိမ့်မည်ဟုယုံကြည်ထားကြသည်။
အိန္ဒိယနိုင်ငံမှတင်ပို့သူများ၏ အဆိုအရ ဝယ်လိုအားနှေးကွေးခြင်း၊ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ငွေကြေးဖောင်းပွမှုနှင့် အီကွေဒေါမှ အမေရိကသို့ အေးခဲနေသောပုစွန်များတင်ပို့မှုတိုးမြှင့်လာခြင်းတို့သည် ပြီးခဲ့သည့်ဘဏ္ဍာရေးနှစ်တွင် အိန္ဒိယနိုင်ငံ၏တင်ပို့မှု ကျဆင်းရသည့်အကြောင်းအရင်းတချို့ဖြစ်သည်။
အမေရိကန်ပြည်ထောင်စုသည် အီကွေဒေါနိုင်ငံအပေါ် ရင်းနှီးမြှုပ်နှံမှုတိုက်ဖျက်ရေးအကောက်ခွန်ကို ချမှတ်လိုက်သည်နှင့်အမျှ ကျွန်ုပ်တို့၏ရေထွက်ကုန်တင်ပို့မှုသည် အီကွေဒေါနိုင်ငံ၏ ရေထွက်ကုန်တင်ပို့မှုနှင့်ယှဉ်ပြိုင်နိုင်လာပြီး ပို့ကုန်တင်ပို့မှုများတိုးတက်လာမည်ဖြစ်ကြောင်း ထိပ်တန်းပို့ကုန်လုပ်ငန်းရှင်ဖြစ်သည့် Yogesh Gupta က ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံသည် ၎င်းတို့၏ စီမံဆောင်ရွက်နိုင်စွမ်းကိုတိုးမြှင့်ကာ တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် လွှဲပြောင်းခြင်းဖြင့် လာမည့် ၂နှစ်အတွင်း ပင်လယ်ထုတ်ကုန်တင်ပို့မှုအတွက် ရူပီးကုဋေ ၁သိန်းသို့တိုးမြှင့်လာရန် ရည်မှန်းထားကြသည်။
အိန္ဒိယနိုင်ငံသည် (၂၀၂၂-၂၀၂၃) ခုနှစ်အတွင်း ပင်လယ်စာ ၁၇၃၈၂၈၆တန် (အမေရိကန်ဒေါ်လာ ၈.၀၇ဘီလီယံ) တန်ဖိုးရှိသော ပင်လယ်စာများတင်ပို့မှုဖြင့် စံချိန်တင်တင်ပို့နိုင်ခဲ့သည်။
အေးခဲနေသော ပုစွန်များသည် ပမာဏနှင့်တန်ဖိုးအရ အဓိကတင်ပို့သည့် ရေထွက်ကုန်ပစ္စည်းအဖြစ် ဆက်လက်တည်ရှိနေပြီး အမေရိကန်နှင့်တရုတ်နိုင်ငံတို့သည် အိန္ဒိယမှပင်လယ်စာများအား အဓိကတင်ပို့သောနိုင်ငံများဖြစ်ကြသည်။
(၂၀၂၂-၂၀၂၃) ခုနှစ်တွင် အေးခဲပုစွန်တင်ပို့မှုစုစုပေါင်းမှာ တန်ချိန်၇၁၁၀၉၉ရှိပြီး အမေရိကန်သို့ တန်ချိန်၂၇၅၆၆၂နှင့် တရုတ်နိုင်ငံသို့တန်ချိန်၁၄၅၇၄၃ တင်ပို့ထားကြောင်းသိရသည်။
လက်ရှိ အိန္ဒိယနိုင်ငံတွင် ပုစွန်မွေးမြူရေးခြံပေါင်း ၁သိန်းကျော်ရှိပြီး အများစုမှာ Andhro Pradesh နယ်တွင် တည်ရှိသည်။ အေးခဲပုစွန်များ၊ ငါးများနှင့် ပြည်ကြီးငါးများသည် အိန္ဒိယနိုင်ငံမှ အဓိကတင်ပို့သော ရေထွက်ကုန်ပစ္စည်းများဖြစ်ကြောင်းသိရှိရပါသည်။
Source: economictimes.com
DOCA(ရန်ကုန်)