အင်ဒိုနီးရှားနိုင်ငံသည် တောင်ကိုရီးယားနိုင်ငံမှ နိုင်ငံတွင်းလာရောက်ထုတ်လုပ်သည့် လျှပ်စစ်ကားများအတွက် အမေရိကန်ဈေးကွက်အခွင့်အလမ်းရရှိရန် ကြိုးပမ်းနေ

Powered by Drupal

       အင်ဒိုနီးရှားနိုင်ငံ၏ စီးပွားရေးရာညှိနှိုင်းဆောင်ရွက်မှုဝန်ကြီး Airlangga Hartarto သည် အင်ဒိုနီးရှားနိုင်ငံတွင်ထုတ်လုပ်သည့် ‌တောင်ကိုရီးယားနိုင်ငံလုပ် လျှပ်စစ်ကားများအား အမေရိကန်ဈေးကွက်သို့တင်ပို့ရန်အတွက် ဆွေးနွေးညှိနှိုင်းမှုများတွင် တောင်ကိုရီးယားအစိုးရ၏ ပံ့ပိုးမှုကိုရရှိရန် တောင်းဆိုခဲ့သည်ဟုသိရပါသည်။ Hartarto သည် တောင်ကိုရီးယားနိုင်ငံ၏ စွမ်းအင်၊ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီး Ahn Duk-geun နှင့် ၂၂-၅-၂၀၂၄ ရက်နေ့က Seaul မြို့ တွင် တွေ့ဆုံခဲ့ပါသည်။

      တောင်ကိုရီးယားနိုင်ငံ၏ ကုမ္ပဏီများဖြစ်သည့် Hyundai Motor Group နှင့် LG Energy Solution သည် အင်ဒိုနီးရှားနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ခဲ့ပြီး လတ်တလော၌ အနောက်ဂျာဗားရှိ Karawang တွင် လျှပ်စစ်ကားတွင်သုံးသည့် ဘတ္ထရီစက်ရုံကိုတည်ဆောက်လျက်ရှိပါသည်။ သို့သော် အကောင်အထည်ဖော်နိုင်ရန်အတွက် တွန်းအားပေးရန်လိုအပ်သည့် မြောက်များစွာသော ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်များရှိသေးကြောင်းသိရပါသည်။ ၎င်းတို့တွင် အင်ဒိုနီးရှားနိုင်ငံ၏ MSMEs လုပ်ငန်းများအား တောင်ကိုရီးယားနိုင်ငံ၏ e-platform များတွင် ဈေးကွက်အခွင့်အလမ်းရရှိမှုတိုးချဲ့ပေးရန်၊ Carbon Capture and Storage (CSS) ကိုအကောင်အထည်ဖော်ရန်၊ ဟိုက်ဒရိုဂျင်နှင့် အမိုးနီးယားစွမ်းအင်ထုတ်လုပ်ရန်နှင့် ရေအားလျှပ်စစ်စက်ရုံများတည်ဆောက်ရန်တို့ပါဝင်ပါသည်။

          Haruto သည် Ahn အနေဖြင့် နှစ်နိုင်ငံကြား စက်မှု၊ ကုန်သွယ်ရေးနှင့် စွမ်းအင်အသွင်ကူးပြောင်းရေးပူးပေါင်း‌ဆောင်ရွက်မှုများတွင် ပိုမိုအားကောင်းလာစေရန် ကူညီမည်ဟုမျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

         အင်ဒိုနီးရှားနိုင်ငံနှင့် ‌တောင်ကိုရီးယားနိုင်ငံတို့အကြား ကုန်သွယ်ရေးမိတ်ဖက်အဖြစ်တည်ရှိမှုသည် ဆယ်စုနှစ်ငါးခုထဲသို့ ဝင်ရောက်လာပြီဖြစ်ပါသည်။ စီးပွားရေးရာညှိနှိုင်း ဆောင်ရွက်မှုဝန်ကြီးဌာန၏ အချက်အလက်များအရ နှစ်နိုင်ငံအကြား အပြန်အလှန်ကုန်သွယ်မှုပမာဏသည် ၂၀၂၃ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၀.၈ဘီလီယံရောက်ရှိခဲ့ကြောင်း သိရပါသည်။

Source: Antara News

DOCA(ရန်ကုန်)