NXP နှင့် TSMC တို့သည်စင်ကာပူနိုင်ငံတွင် တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်သော စက်ရုံတည်ထောင်ရန် အမေရိကန်ဒေါ်လာ ၇.၈ သန်းရင်းနှီးမြှုပ်နှံ

Powered by Drupal

    ဒတ်ချ်နိုင်ငံ၏ တစ်ပိုင်းလျှပ်ကူးပစ္စည်းများ ရေးဆွဲထုတ်လုပ်သည့် NXPကုမ္ပဏီနှင့် ထိုင်ဝမ် တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်သော TSMC ကုမ္ပဏီ၏ကျောထောက်နောက်ခံပြု Vanguard International တို့သည်မော်တော်ယာဥ်၊ စက်မှုလုပ်ငန်း၊ လူသုံးကုန်နှင့်မိုဘိုင်းကုန် စျေးကွက်များ ကိုဖြည့်ဆည်းပေးနိုင်ရန်အတွက် အမေရိကန်ဒေါ်လာ ၇.၈ဘီလီယံတန်ဖိုးရှိသော တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်မှုစက်ရုံကို စင်ကာပူနိုင်ငံတွင် တည်ဆောက်ရန် ဖက်စပ်ပူးပေါင်းဆောင်ရွက် မည်ဖြစ်ကြောင်း ကုမ္ပဏီများက ဇွန်လ ၅ ရက်နေ့ (ဗုဒ္ဓဟူးနေ့) က ထုတ်ပြန်ခဲ့သည်။

    Vanguard သည် ဖက်စက်လုပ်ငန်းတွင်ရှယ်ယာ ၆၀ ရာခိုင်နှုန်းဖြင့် အမေရိကန်‌ဒေါ်လာ ၂.၄ ဘီလီယံရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး NXP သည်အမေရိကန်‌ဒေါ်လာ ၁.၆ ဘီလီယံရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး ဖက်စပ်လုပ်ငန်း၏ရှယ်ယာ ၄၀ ရာခိုင်နှုန်းကို ကိုင်ထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ကုမ္မဏီများသည် စက်ရုံ၏ရေရှည်စွမ်းဆောင်ရည်ကို ပံ့ပိုးရန်အတွက် နောက်ထပ် အမေရိကန်ဒေါ်လာ ၁.၉ ဘီလီယံကိုလည်း ပံ့ပိုးပေးမည်ဖြစ်သည်။

     စက်ရုံကို ၂၀၂၄ ခုနှစ် ဒုတိယနှစ်ဝက်တွင် စတင်တည်ဆောက်ရန် မျှော်မှန်းထားပြီး ၂၀၂၇ ခုနှစ်တွင် ကနဦးထုတ်လုပ်မှုကိုဖောက်သည်များထံသို့ချပြသွားမည်ဟုကုမ္မဏီများက ပြောကြားခဲ့သည်။ စည်းမျဥ်းစည်းကမ်းများ အတည်ပြုပြီးပါက ကနဦးဆောက်လုပ်မည့်အဆင့်ကို စတင်မည် ဖြစ်သည်။

     TSMC သည် တရုတ်နှင့်တင်းမာမှုများတိုးလာချိန်တွင် ထိုင်ဝမ်မှ၎င်း၏ထုတ်လုပ်‌ရေး စက်ရုံများကို ရွေ့ပြောင်းရန်ရှိမရှိပက်သက်၍ ၎င်း၏ဖောက်သည်များနှင့်ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ ထိုသို့သောအပြောင်းအလဲသည် မဖြစ်နိုင်သေးကြောင်း ကုမ္မဏီအကြီးတန်းအမှုဆောင် အရာရှိတစ်ဦးက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

     NXP နှင့် TSMC တို့လုပ်ဆောင်မည့် ဖက်စပ်လုပ်ငန်းသည် စင်ကာပူနိုင်ငံတွင် အလုပ်အကိုင်ပေါင်း ၁၅၀၀၀ ခန့်ကိုဖန်တီးပေးနိုင်ရန် မျှော်လင့်ထားကြသည်။

      ယခုနှစ်အစောပိုင်းတွင် United Microelectronics Corp (UMC) သည် စင်ကာပူရှိ မိုက်ခရိုချစ်ပ်စက်ရုံအသစ်တွင် အမေရိကန်ဒေါ်လာ ၅ ဘီလီယံရင်းနှီးမြှုပ်နှံထားသေးကြောင်း သိရှိရပါသည်။

Source : Reuters    

DOCA(ရန်ကုန်)