စီမံကိန်းနှင့်ရင်းနှီးမြှုပ်နှံမှု ဒုတိယဝန်ကြီး Do Thanh Trung နှင့် အိုင်ယာလန်နိုင်ငံခြားရေးဝန်ကြီး Martin Heydan တို့သည် သံတမန်ရေးနှင့်ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး နားလည်မှုစာချွန်လွှာကို ပြီးခဲ့သည့်သီတင်းပတ်က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရပါသည်။
ဒုတိယဝန်ကြီး Trung သည် တာဝန်ရှိသူများနှင့်အတူ အိုင်ယာလန်-ဗီယက်နမ် စိုက်ပျိုးရေး လုပ်ငန်းပူးပေါင်းဆောင်ရွက်မှု(IVAP) အစီအစဉ် Sustainable food System Ireland (SFSI)နှင့် အိုင်ယာလန်ရုံးမှ ရန်ပုံငွေထောက်ပံ့ထားသည့် အိုင်ယာလန်-ဗီယက်နမ်စိုက်ပျိုးရေးလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု(IVAP) အစီအစဉ်တွင် ပါဝင်ခဲ့ကြောင်းသိရှိရပါသည်။
IVAP သည် ရေရှည်တည်တံ့သော အခြေခံထုတ်လုပ်မှုစနစ်များ၊ အစားအစာဘေးကင်းရေး၊ ဆန်သစ်တီထွင်မှုနှင့် အရည်အသွေးနယ်ပယ်များတွင် ၎င်း၏လယ်ယာစားနပ်ရိက္ခာစနစ်ကို ပြောင်းလဲရာတွင် ဗီယက်နမ်နိုင်ငံအား ပံ့ပိုးကူညီရန်ရည်ရွယ်ထားခြင်းဖြစ်သည်။ စီးပွားရေးလုပ်ငန်း၊ သမဝါယမဖွံ့ဖြိုးတိုးတက်ရေးနှင့် လယ်ယာစာနပ်ရိက္ခာဆိုင်ရာ ဆန်းသစ်တီထွင်မှု အသိပညာဖလှယ်ခြင်းတို့ကိုလည်း အဓိကထားဆောင်ရွက်ခဲ့သည်။
လက်မှတ်ရေးထိုးပွဲအခမ်းအနားတွင် ဝန်ကြီး Heydan က အိုင်ယာလန်မှ စိုက်ပျိုးရေးကဏ္ဍတိုးတက်ရေးကို ဆက်လက်လုပ်ဆောင်နေကြောင်း လယ်ယာကဏ္ဍမှာကြုံတွေ့နေရသော သဘာဝပတ်ဝန်းကျင်နှင့်စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုတွေကို လိုက်လျောညီထွေဖြစ်အောင် ပြုပြင်ပြောင်းလဲနိုင်သော နည်းစနစ်များကို အသုံးပြုလျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။
DOCA(ရန်ကုန်)