ညောင်တုန်းမြို့နယ်တွင် Online Shop မှတ်ပုံတင်ပြီးလုပ်ငန်းများ မြေပြင်ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခြင်း

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် (၈.၁၀.၂၀၂၄) ရက်နေ့ နေ့လယ်ပိုင်းက Online Shop မှတ်ပုံတင်ပြီးလုပ်ငန်းများအား ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက လုပ်ငန်း ဆောင်ရွက်ပြီးစီးမှူ အခြေအနေများကို မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

      ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ ဒေါ်ချိုမီဇင် ဒု-ဦးစီးမှူးက  ညောင်တုန်းမြို့နယ်တွင် Ecomerg စနစ်တွင် Online Registration တွင် မှတ်ပုံတင်ထားသည့် လုပ်ငန်းများ၏ ကုန်စည်များနှင့် ဝန်ဆောင်မှုများသည် စနစ်တွင်ဖြည့်စွက်ထားသည့် အမျိုးအစားများအတိုင်း ညောင်တုန်းမြို့နယ်တွင် အမှန်တကယ်ရောင်းချခြင်း ရှိ/မရှိနှင့် လုပ်ငန်းဆောင်ရွက်မှု အဆင်ပြေချောမွေ့စေရန်အတွက် စိစစ်ဆောင်ရွက်ခြင်း ပြုလုပ်ခဲ့ကြသည်။ လုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး Online မှတဆင့် ဝန်ဆောင်မှုပေးသော စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ရောင်းချလျက်ရှိသော ကုန်စည်များနှင့် ဝန်ဆောင်မှုများအပေါ် ရိုးသားဖြောင့်မတ်မှန်ကန်စွာရှိခြင်း၊ အာမခံချက်များ၊ စီးပွားရေးကျင့်ဝတ်စည်းကမ်းများနှင့်အညီ မိမိတို့၏ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများက သတ်မှတ်ထားသည့် အမိန့် ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ပြီး စားသုံးသူအပေါ် အာမခံချက် ပေးနိုင်ရန်လည်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)