
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ အသင့်စားခေါက်ဆွဲခြောက် အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြထားခြင်း ရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို (၈.၁၀.၂၀၂၄)ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်က ညောင်တုန်းမြို့မဈေး၊ တာကွေ့ဈေးအတွင်းရှိ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းအား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်က စားသုံးသူများအသုံးပြုလျက်ရှိသည့် ကုန်စည်များနှင့် စပ်လျဥ်း၍ မြို့မဈေး၊ တာကွေ့ဈေးအတွင်းနှင့် အနီးပတ် ဝန်းကျင်ရှိ ဈေးဆိုင်များတွင် ရောင်းချနေသည့် အသင့်စားခေါက်ဆွဲခြောက်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ် အသား ဖော်ပြထားခြင်း ရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုစနစ်တကျဖြစ်စေရန်နှင့် ထိရောက်မှုရှိစေရန်တို့အတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးရန် ဦးစားပေး ကုန်စည်အမျိုးအစား ၁၀ မျိုးအား သတ်မှတ်ကာလများအတိုင်း စားသုံးသူကာကွယ်ရေးကော်မရှင်မှ ညွှန်ကြားချက် အမှတ် ၂/၂၀၁၉ အတိုင်း ကိုက်ညီမှု ရှိ/မရှိကို စစ်ဆေးခြင်း၊ သာမန်မျက်စိဖြင့်မြင်နိုင်သော စာလုံးအရွယ်အစားဖြင့် ဖော်ပြရန် လုပ်ငန်းရှင်များကို မိမိတဆင့် မှာယူရောင်းချသော ကုမ္ပဏီများကို ကုန်စည်တွင် ဖော်ပြပေးနိုင်ရန်ကို ရှင်းလင်းပြောကြားအသိပေးရန်ကို ပညာပေးပြောကြားခဲ့ပြီး ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။
ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းဆောင်ရွက်ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
DOCA(ဧရာဝတီ)