မကွေးမြို့၊ ပြည်တော်သာလမ်းရှိ 21 MART ၌ စျေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းသည် (၉.၁၀.၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် မကွေးမြို့၊ ပြည်တော်သာလမ်း ရှိ 21 MART တွင် ရောင်းချလျက်ရှိသော ကုန်စည်များတွင် စားသုံးရန်မသင့် တားမြစ်ထားသော ကုန်စည်များနှင့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာသတ်မှတ်ချက်များ ပြည့်စုံစွာ ဖော်ပြပါဝင်ခြင်းမရှိသော ကုန်စည်များရောင်းချမှုရှိ/မရှိ စျေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။
အမေရိကန်နိုင်ငံစိုက်ပျိုးရေးဝန်ကြီးဌာနက လူထုကျန်းမာရေးဆိုင်ရာ သတိပေးချက် ထုတ်ပြန်ခဲ့သည့် “အဖွားလက်ရာ” အမှတ်တံဆိပ်ပါ အသားဟင်း၊ ငါးဟင်း စည်သွပ်ဘူးများတွင် ရိုက်နှိပ်ထားသော အညွှန်းဖော်ပြချက်များနှင့် စတစ်ကာကပ်၍ ဖော်ပြထားသည့် အညွှန်းဖော်ပြချက်များမှာ တူညီမှုမရှိဘဲ ကွဲလွဲမှုများဖြစ်ပေါ်လျက်ရှိသဖြင့် အဆိုပါ ကွဲလွဲမှုကြောင့် စားသုံးသူများ နားလည်မှုလွဲမှားစေနိုင်သည့်အတွက် စျေးကွက်အတွင်း “အဖွားလက်ရာ” အမှတ်တံဆိပ် အသားဟင်း၊ ငါးဟင်း စည်သွပ်ဘူးများရောင်းချမှုရှိ/မရှိစစ်ဆေးခဲ့ရာ “အဖွားလက်ရာ” အမှတ်တံဆိပ် စည်သွပ်ဘူးများ ရောင်းချမှုမရှိဘဲ ကုန်အညွှန်းအမှတ်အသား ဆိုင်ရာသတ်မှတ်ချက်များ ပြည့်စုံစွာ ဖော်ပြပါဝင်သော စည်သွပ်ဘူးများနှင့် ကုန်စည်များသာ ဆိုင်တင်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မကွေး)