
တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့၏ ဒေသဆိုင်ရာ စင်တာကို ဒီဇင်ဘာ ၈ ရက်တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ မှ စီးပွားရေး ကျွမ်းကျင်သူ ဂျွန်နက်ဝီဂန်အား ၎င်းစင်တာ၏ အကြီးအကဲအဖြစ် ခန့်အပ်ခဲ့သည်။ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့၏ အာရှပစိဖိတ်ဒေသရေးရာလုပ်ငန်းများကို မြှင့်တင် ဆောင်ရွက်ရန် အတွက် ၎င်းစင်တာက ပံ့ပိုးမည်ဖြစ်ကြောင်း သိရသည်။
၎င်းစင်တာသည် ထွန်းသစ်စ ဈေးကွက်များနှင့် ဝင်ငွေအလယ်အလတ်ရှိသည့် နိုင်ငံများ အတွက် ငွေကြေးဆိုင်ရာသုတေသနနှင့် အသိပညာများမျှဝေရာ နေရာအဖြစ် ဆောင်ရွက်မည်ဖြစ် ကြောင်း သိရသည်။ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကဏ္ဍတွင် မသေချာမှုများ မြင့်တက်နေချိန်တွင် ၎င်း မသေချာမှုများကို လွန်မြောက်စေရေးအတွက် မိမိတို့ ဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံ တကာငွေကြေးရန်ပုံငွေအဖွဲ့ ဦးဆောင်ညွှန်ကြားရေးမှူး ခရစ်တီလီနားဂျီဂျီဗာက ပြောသည်။
ယခုစင်တာဖွင့်လှစ်ခြင်းသည် တရုတ်နိုင်ငံနှင့် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ကြား အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်းကို ပြသနေကြောင်း တရုတ်နိုင်ငံ ပြည်သူ့ဘဏ်အကြီးအကဲ ပန်ဂိုရှန်က ပြောသည်။ ယခု ဆောင်ရွက်ချက်သည် တရုတ်နိုင်ငံနှင့် နိုင်ငံတကာငွေကြေး ရန်ပုံငွေ အဖွဲ့ကြား နက်ရှိုင်းသည့် ပူးပေါင်းဆောင်ရွက်မှုကို ပြသနေကာ ကမ္ဘာလုံးဆိုင်ရာ ငွေကြေးစီမံခန့်ခွဲမှု ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
Source: ဆင်ဟွာ
DOCA(ပြည်ထောင်စုနယ်မြေ)
