ပထမဆုံးအကြိမ်အဖြစ် စားအုန်းဆီထွက်ရှိမှု တန်ခန် သန်း၂၀ တန်ခန့် ရောက်ရှိခဲ့သည့် မလေးရှားနိုင်ငံ

Powered by Drupal

           ၂၀၂၅ ခုနှစ်အတွက် မလေးရှားနိုင်ငံ၏ စားအုန်းဆီထွက်ရှိမှုသည် ပထမဆုံးအကြိမ်အဖြစ် တန်ချိန် သန်း၂၀ တန်ခန့်ကျော်လွန်ခဲ့ကြောင်းနှင့် ၎င်းထွက်ရှိမှုမြင့်တက်ခြင်းသည် အကျိုးသက်ရောက်မှုရှိသော ရိတ်သိမ်းမှုများ၊ လုပ်သားအင်အားမြှင့်တင်မှုများနှင့် စိုက်ပျိုးမြေများတိုးချဲ့ခြင်းတို့ ကြောင့်ဖြစ်ကြောင်း သိရပါသည်။ မလေးရှားနိုင်ငံသည် ယခုနှစ်အတွင်း စားအုန်းဆီတန်ချိန် ၂၀ သန်းမှ ၂၀.၅ သန်းတန်အထိ ထွက်ရှိရန် မျှော်မှန်းခဲ့ပြီး အကျိုးသက်ရောက်မှုရှိသော ရိတ်သိမ်းမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံ စားအုန်းဆီဘုတ်အဖွဲ့MPOB မှ ညွှန်ကြားရေး မှူးချုပ်ဆိုသူ Datuk Dr Ahmad Parveez Ghulam Kadir ကဒီဇင်ဘာလ ၉ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ နိုဝင်ဘာလတွင် စားအုန်းဆီထွက်ရှိမှုပမာဏသည် ဒုတိယမြောက် အများဆုံးဖြစ်ကြောင်း MPOB မှထုတ်ပြန်သော သတင်းအချက်အလက်များအရ သိရပါသည်။ စားအုန်းဆီကို တရုတ်နိုင်ငံမှ အဓိကတင်သွင်းလျက်ရှိပြီး တရုတ်နှစ်သစ်ကူးပွဲတော်များအတွက် စားအုန်းဆီဝယ်ယူမှုများ မြင့်တက်လာနိုင်ကြောင်း MPOB မှထုတ်ပြန်ချက်များအရ သိရှိရပါသည်။

Source: The Edge Malaysia                                                        

DOCA (ရန်ကုန်)