အာဖဂန်နစ္စတန်မြောက်ပိုင်းတွင် ဧရာမ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုန်သွယ်ရေးစင်တာ ဖွင့်လှစ်

Powered by Drupal

               အာဖဂန်နစ္စတန်အာဏာပိုင်များသည် မြောက်ပိုင်းဘောလ်ခ်ပြည်နယ်ရှိ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ရောင်းဝယ်သူများအတွက် အဓိကကုန်သွယ်ရေးစင်တာတစ်ခု တည် ဆောက်ရေးလုပ် ငန်းsများကို စတင်လိုက်ပြီဖြစ်ကြောင်း Bakhtar သတင်းဌာန၏ ဒီဇင်ဘာလ ၁၄ ရက်နေ့ သတင်းထုတ်ပြန် ချက်အရသိရသည်။ ပြည်နယ်မြို့တော် Mazar-e-Sharif တွင် တည်ရှိသော ဧက ၅ ဧကကျယ်ဝန်း သည့် အဆိုပါ အဆောက်အအုံကို အမေရိကန်ဒေါ်လာ ၁၅ သန်းဖြင့် တည်ဆောက်လျက်ရှိသည်။ အာဖဂန်နစ္စတန် ကုန်သည်ကြီးများအသင်းနှင့် ရင်းနှီး မြှုပ်နှံမှု အသင်း၏ အကြီးအကဲ Sayed Karim Hashemi က အစိုးရသည် ရင်းနှီးမြှုပ်နှံမှု အတွက် လုံခြုံပြီး ကောင်းမွန်သောပတ်ဝန်းကျင်ကို ဖန်တီးပေးထားကြောင်း ပြောကြားခဲ့ပြီး စီးပွားရေး လုပ်ငန်းရှင်များသည် နိုင်ငံ၏ စီးပွားရေးတိုးတက်မှုကို မောင်းနှင်ရန် အာဏာပိုင် များနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရည်ကုန်သည်များစွာက ဈေးကွက်ကို ထိန်းညှိရန်၊ ဝန်ဆောင်မှုများကို တိုး တက်ကောင်းမွန် စေရန်နှင့် အမျိုးသားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန် သိသာထင်ရှား သော ခြေလှမ်း တစ်ခုအဖြစ် စင်တာအသစ်ကို ကြိုဆိုခဲ့ကြသည်။ ဘောလ်ခ်ပြည်နယ်သည် မဟာဗျူဟာ ကျသော ဟိုင်ရာတန်ဆိပ်ကမ်းကို ထိန်းချုပ်ထားနိုင်ခြင်းကြောင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ သန့်စင်ခြင်း အပြင် ဗဟိုအာရှနိုင်ငံများနှင့် ပို့ကုန်နှင့် သွင်းကုန်တို့တွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သည့် အဓိကပြည်နယ်များထဲမှ တစ်ခုအဖြစ် သတ်မှတ်ခံထားရသည်။

DOCA(ရန်ကုန်)